ကန်ယု နဲ့ တွေ့ပြီ

1.2K 252 35
                                    

ကျွန်မ ဖြေးဖြေးချင်း လမ်းလျှောက်လာခဲ့တယ်။ကျွန်မ ဝလွန်းလို့ လမ်းဖြေးဖြေးပဲ လျှောက်နိုင်တာတော့ မဟုတ်ပါဘူး။ကျွန်မ ကျောင်းသွားဖို့တော်တော့်ကို တွန့်ဆုတ်နေလို့ပါ။ကျွန်မ လမ်းကို တစ်လှမ်းချင်း လျှောက်လိုက် ဘေးနား ပတ်ဝန်းကျင်တွေကို ကြည့်လိုက်နဲ့.....

ကန်ယုကတော့ Sheng Zhi ကို ဝင်ခွင့်ရသွားပြီ ဆိုတော့ သူက ကျောင်းလာစရာ မလိုတော့ဘူးလေ။ဒါ​ပေမယ့် ကျွန်မ ကြောက်မိတာက သူလာမှာကိုပဲ ။

လမ်းကို ဘယ်လောက်ကြာအောင်ပဲ ဆွဲ လျှောက် လျှောက် နောက်ဆုံး တော့ ကျွန်မ ကျောင်းဂိတ်ဝရဲ့ ရှေ့ကို ရောက်ခဲ့ပါပြီ။

ကျွန်မ ကျောင်းဂိတ်ဝမှာ လူတွေ အုပ်စုလိုက်တွေ့လိုက်တဲ့အခါမှာတော့ ကျွန်မ ချက်ချင်းပဲ ဂိတ်ဘေးနားမှာရှိတဲ့ ခြုံနွယ်တွေနဲ့ ပန်းပင် နားမှာ ပုန်းလိုက်ပြီး သူတို့ကို ချောင်းကြည့်နေခဲ့မိတယ်။

Xiao Fan ၊ Xiao Shuang ၊ Da Shuang ၊ Xu Ying ၊ Liu li Jun.....  ကျွန်မ ရဲ့သူငယ်ချင်းတွေ ရော
ကန်ယုရဲ့ အတူတူကစားနေကျ သူငယ်ချင်း အချို့တွေရော ရောက်နေကြတာ ။ကန်ယု ကိုတော့ ကျွန်မ မတွေ့မိဘူး....

ကျွန်မ အတွေးထဲ  နစ်နေချိန် မှာ  တဖြည်းဖြည်း နီးလာတဲ့ ပုံရိပ်တစ်ခုကို တွေ့မိလိုက်တယ်။

" ဝမ်ရဲ... မင်းရဲ့ဖူကျင်း ကို တွေ့ပြီလား "

ဆိုပြီးကျောင်းသားတစ်ယောက်က မေးလိုက်တယ်။

ကန်ယု ပုံစံကြည့်ရတာ မီတာ တစ်ထောင်ကနေ ပြေးလာခဲ့သလို
သူ့ရဲ့အသက်ရှုနှုန်းတွေ ကလည်း မမှန်ဘူး ဖြစ်နေတယ်။ သူ အမောပြေ သွားမှ

"ငါ မတွေ့ခဲ့ဘူး။ ဒီ လမ်းတစ်လျှောက်လုံး..ငါပြေးပြီး ရှာလာခဲ့တာ။ငါ  သူမ bus ကားစီးလာတယ် ထင်လို့ ပြန်လာခဲ့တာ ။ မရောက်သေးဘူးလား...."

ကျောင်းသားအချို့က ခေါင်းခါလိုက်ပြီး

" အရိပ်တောင် မတွေ့ရသေးဘူး "

" မြောင်မြောင် တစ်ယောက် နေမကောင်းဖြစ်ပြီး ရူးသွားလို့ လမ်းတွေ မမှတ်မိပဲ ဖြစ်နေတာလား....."

ကျွန်မ ချုံပုတ် အနောက်ကနေပုန်းပြီးတော့ တိတ်တိတ်လေးပြောလိုက်တယ်။

Husband is great black belly (Myanmar Translation) Where stories live. Discover now