အိမ်ထောင်ဖက်ရဲ့ကော်လံ

2.3K 383 4
                                    

ကျောင်းဆင်းတော့ အတန်းထဲမှာ ကျွန်မနဲ့ကန်ယုပဲကျန်ခဲ့တယ်။ကန်ယုကလည်း ကျောင်းသားကိုယ်စားလှယ်ဆိုတော့ ဆရာမခိုင်းထားတဲ့အလုပ်ကို သူလည်း ကူညီပေးသင့်တာ သဘာဝကျတယ်မလား။စစပိုင်းကတော့ ကျွန်မစိတ်ထဲ နည်းနည်းကိုးရို့ကားယား ဖြစ်နေသေးတယ်။ဒါပေမယ့် ဆရာမပေးထားတဲ့ မှတ်တမ်းစာအုပ်ကို ဖတ်လိုက်တဲ့ခဏလေးအတွင်း ကျွန်မ ကိုးရို့ကားယား ဖြစ်ရမယ့်အချိန်မရှိတော့ပါဘူး။

အကုန်လုံး မင်နီတွေအပြည့်။ရလဒ်က တော်တော်ဆိုးတယ်။အမှတ်တွေအကုန် 50အောက် ။နာမည်လည်းမမြင်ရတော့ ဘယ်သူမှန်းလည်းမသိရဘူး။ဒါပေမယ့် ခန့်မှန်းနိုင်ပါတယ် ။
ကျွန်မတို့ရဲ့အတန်းထဲက ဇူရန်ကျန်း ပဲပေါ့။သူက ကျောင်းမှာဆို နေ့တိုင်း ရန်ဖြစ်လို့ နာမည်တအားကြီးတာ။သူရဲ့တစ်ချက်က တစ်ချက်ဆို တစ်ချက် တော်တော်ကို ပြင်းတာတဲ့။သူ့ရဲ့အမေကတော့ ကျောင်းကို သူ ရန်ဖြစ်လို့ ခဏခဏ လာရတယ်။အရင်အပတ်တုန်းကတောင် သူ့အမေ လာတာ တွေ့လိုက်သေးတယ်။သူ့အမေက သူ့ကို တအားအလိုလိုက်ထားလို့ ပျက်စီးနေတာလေ။သူရန်ဖြစ်တဲ့အကြောင်းကိုလည်း သူ့အဖေ မသိအောင် ဖုံးထားပေးသေးတာ။သူ့ရဲ့အဖေက boxing နည်းပြဆိုတော့ အိမ်မှာသိပ်မနေရဘူးလေ။အာ့ကြောင့် သူ့သားဆိုးသွမ်းတာတွေကိုမသိဘူး။ လွန်ခဲ့တဲ့နှစ်လောက်က သူ့အဖေ သိသွားတော့ ဇူရန်ကျန်း မျက်နှာကြီး ဖူးရောင် နေတာပဲ။သူ့အဖေက သူ့ရဲ့နားရွက်ကိုဆွဲပြီး ကျောင်းမှာလာတောင်းပန်ခဲ့သေးတယ်။ ဒါပေမယ့် ကယ်တင်လို့မရတော့တဲ့ သူပါ။ သူ့အဖေရဲ့ဆောင်ပုဒ်က
"မင်းစာညံ့တာက တုံးလို့ဆိုတော့ ထားလိုက်ပါ။ဒါပေမယ့် တခြားတစ်ယောက်နဲ့ ရန်ဖြစ်ရင်တော့ မင်းခြေထောကိကို ချိုးပစ်မယ်" တဲ့ ။သူ့ရဲ့အမေကတော့ တုန်နေအောင်ချစ်နေလို့။အဖေဖြစ်သူက ဆရာမကို ကြိုပြောထားတယ် သားဖြစ်သူရဲ့လေ့လာမှုမှတ်တမ်းတွေကို အဖေဖြစ်တဲ့သူ့ကိုပဲ ပြောပြပေးဖို့ပေါ့။ သားဖြစ်သူ အမှတ်နည်းလား ရတယ် အဲ့ကိစ္စကို နားလည်ပေးလို့ရတယ်။ဒါပေမယ့် ဆရာ ဆရာမ တွေရဲ့မှတ်ချက်ကတော့ အရေးကြီးတယ်။ မှတ်ချက်မကောင်းရင် ခြေထောက်ချိုးပြီပဲတဲ့လေ။

Husband is great black belly (Myanmar Translation) Where stories live. Discover now