ကန်ယု အိမ်သို့ ၂

1.1K 196 6
                                    

တိတ်ဆိတ်နေတဲ့ ကျွန်မကို ကြည့်ပြီး အန်ကယ် ရှန် တစ်ယောက် အထင်အမြင်တွေ လွဲမှားသွားတယ်ဆိုတာကို မသိခဲ့မိဘူး။အန်ကယ်ရှန်က ကျွန်မကိုပြောတယ်။

"ကောင်မလေးရေ...ငါတို့ရဲ့ကန်ယုက ချစ်ရတဲ့ကောင်မလေးရှိပြီးသား..အခု​​ ခေတ်ကလေးတွေက အရမ်းကိုခေတ်မီပြီး ပွင့်လင်းတယ်ဆိုတာ သိပေမယ့်..သူများရဲ့ရည်းစားကောင်လေးကို စနိုက်ကျော်ဖို့ ကြိုးစားတာ မကောင်းဘူးနော် ဒါမျိုးက လုံးဝ မလုပ်သင့်ဘူး ...ဦးလေးက ဒါမျိုးတွေကျော်ဖြတ်ခဲ့ဖူးတဲ့လူတစ်ယောက်ပါ ပြီး​တော့ မင်းရဲ့ပုံစံက.. "

ဦးလေးရှန်က ကျွန်မကို တစ်ချက်ကြည့်လိုက်ပြီး တစ်မိနစ်လောက် သူပြောမယ့် စကားကိုရွေးချယ်ကာ..

"မင်းရဲ့ပုံစံက တောက်ပပြီးလုံးဝန်းတဲ့ ပုတီးစေ့ လိုမျိုးလေး...ငါတို့ရဲ့ကန်ယုက အရမ်းပိန်တယ်. ဒါကြောင့် မင်းနဲ့မသင့်တော်ဘူး....ဦးလေးရဲ့သူငယ်ချင်းမှာ သားတစ်ယောက်ရှိတယ်..မင်းနဲ့ လုံးဝ လိုက်ဖက်မှာအသေအချာပဲ နောက်ကျရင်.. မိတ်ဆက်ပေးမယ်လေ..ဟုတ်ပြီလား....."

ကျွန်မ ချွေးစေးတွေပြန်လာတယ်။အန်ကယ်ရှန်ပြောတဲ့ သူငယ်ချင်းသားကို မြင်ဖူးတယ်။ သူက ကျွန်မထက် ၃ဆလောက်ပိုဝတယ်။
ကျွန်မ. တံခါးရှေ့မှာ ကို့ရို့ကားယားနိုင်စွာနဲ် မတ်တပ်ရပ်နေခဲ့မိတယ်။ အထဲလည်း ဝင်လို့ မရသလို  နောက်လည်း ပြန်လှည့်ထွက်သွားလို့မရခဲ့ဘူး...အန်ကယ်ရှန်ရဲ့ ထမင်းပေါင်းအိုး လို
"ကူကူချာချာ " နဲ့ပြောပြီး   ဆုံးမ နေတဲ့ စကားတွေကို သည်းခံပြီး နားထောင်နေခဲ့ရတယ်။

ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး...ကျွန်မ. အိုးရန်မြောင်မြောင်ပါလို့ အော်ပြီး ပြောပစ်ချင်လာပြီ.. အဲ့ဒိအချိန်မှာပဲ ကန်ယုက စွပ်ကျယ်နဲ့ဘောင်းဘီတို လေး ဝတ်ထားပြီး အပေါ်ထပ်ကနေ ဆင်းလာခဲ့တယ်။ သူကလေ ဘယ်လို မျိုးပဲ ဝတ် ဝတ် ကြည့်ကောင်းနေတာပါပဲ။...

သူ ကျွန်မကိုလည်းမြင်ရော မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး..

"မြောင်မြောင် ဘာကြောင့် အစောကြီးလာရတာလဲ "

ကျွန်မစိတ်ထဲမှာတော့ နင်ဖင့်ကြီးကိုပဲ အစောကြီးနေလို့က်... မမြင်ဘူးလား ငါ့ကိုအဝင်မခံတာ မြန်မြန်ကူညီစမ်းပါ ဟာ...ဆိုပြီး တွေးနေမိတော့တယ်...

Husband is great black belly (Myanmar Translation) Where stories live. Discover now