အပိုင်း ၄၇

535 93 17
                                    


#unicode

သူ ကျွန်မကို လာတွေ့ရမယ်။လာမတွေ့ရင်တော့ ကျွန်မ သူနဲ့ လမ်းခွဲမှာ..
သူလာတွေ့ပြန်ရင်လည်းကျွန်မသူ့ကိုရင်မဆိုင်ရဲဘူး...

ကန်ယု ဆေးရုံကိုလာတော့ ကျွန်မက လူနာကုတင်ပေါ်မှာ ထိုင်ပြီး ပန်းသီးကိုကိုက် manga စာအုပ်နဲ့နှပ်နေခဲ့တာ။ရုတ်တရက် ယန်ယန်က ကန်ယုကို လူနာခန်းထဲ ခေါ်လာခဲ့ပါတယ်။

"မမ ကန်ယု လာတွေ့တယ်......"

ကျွန်မ ကုတင်ပေါ်ကနေပြုတ်ကျမလိုတောင်ဖြစ်သွားခဲ့တယ်။ကျွန်မပထမဆုံးလုပ်လိုက်တာက ကိုက်လက်စ ပန်းသီး နဲ့စာအုပ် ကို လွှင့်ပစ် ။လူသေတစ်ယောက်လို စောင်ခြုံ ပြီးနေလိုက်ကာ

"ငါအိပ်နေပြီ...အိပ်နေပြီ... "

ယန်ယန်က ကျွန်မပြောနေတာကို ဂရုမစိုက်ချေ။
ကန်ယုကို ခေါ်လာပြီး

"ကန်ယု နင်တို့နှစ်ယောက် အေးအေးဆေးဆေးစကားပြောကြ ။အမေက မမအတွက်အဝတ်အစားတွေအိမ်ပြန်ယူနေတော့ ချက်ချင်းပြန်မလာနိုင်သေးဘူး...အာ့ကြောင် အဆင်ပြေတယ် ပိုစိတ်ချရအောင် ငါအပြင်ကနေစောင့်ပေးမယ်..... "

ပြသနာဖြစ်တဲ့နေ့က ကျွန်မကို ကန်ယု လာတွေ့ရင် လမ်းခွဲမယ် လို့ အော်ဟစ်နေခဲ့တာလေ။ဒါပေမယ့် သူသိတဲ့ပုံ မပေါ်ဘူး။ တော်သေးပါရဲ့....

ကျွန်မ ကိုယ့်နှလုံးခုန်သံတောင် ကိုယ်ပြန်ကြားနေရလို့ ကျွန်မ နှလုံးခုန်သံလေးကို တိုးတိုးလေးပြောလိုက်မိတယ်။

'မသွားပါနဲ့...ငါ့နားပဲနေပါ..ငါ့ကို ထားမသွားပါနဲ့....'.

ကျွန်မ ကန်ယုကို မျက်နှာချင်းမဆိုင်ရဲဘူး....
ကျွန်မက လူနာနှစ်ယောက်ခန်းမှာနေရတာပါ။ကျွန်မနားက လူနာက အဖွားတစ်ယောက် ။အဲ့ဒိအဖွားကလည်း medical check up အတွက် သွားနေတော့ ပြန်မလာသေးဘူး။အခန်းထဲမှာ ကျွန်မတစ်ယောက်တည်း...ကျွန်မ.....ကြောက်..တယ်..လို့.....
ကျွန်မ မျက်လုံးကိုမှိတ်ကာ အိပ်ပျော်အောင် ကြိုးစားနေလိုက်တယ်။ကန်ယုက တံခါးသွားပိတ်ပြီး ကျွန်မကုတင်နားမှာ ရပ်နေတယ်လို့ ကျွန်မခံစားနေရတယ်။ဒီလိုအချိန်မှာ ကျွန်မ ရဲ့နားတွေ လုံးဝ နားထောင်စွမ်း မြင့်တက်လာခဲ့တယ်။ကန်ယုက တစ်ခုခုကို ထုတ်လိုက်ပြီး ကုတင်ဘေးနားက စားပွဲမှာတင်လိုက်တယ်...ကျွန်မ ငှက်ပျောသီးအနံ့ကို ရခဲ့လိုက်တယ်။အဲ့အချိန်မှာပဲ ကန်ယုက ထိုင်ခုံကို ကျွန်မကုတင်နားထိ ဆွဲလာပြီး ဘေးနားမှာ ထိုင်ချလိုက်တာကို ခံစားလိုက်ရတယ်။
ကျွန်မ သူ့ရဲ့အသက်ရှုသံတိုးတိုးလေးကို ခံစားမိလိုက်တယ်။အဲ့အဓိပ္ပါယ်က သူ ကျွန်မနဲ့နီးနီးရောက်နေတယ်ဆိုတဲ့သဘောပေါ့နော်။ကျွန်မ တစ်ကိုယ်လုံး တုန်ယင်နေပြီး စောင်ကို လုံနေအောင် ခြုံထားခဲ့တယ်။ကျွန်မ ဘာမှမခံစားရတော့မှ အသက်ရှူခဲ့လိုက်ရတယ်။

Husband is great black belly (Myanmar Translation) Where stories live. Discover now