အပိုင်း ၅၃

686 131 18
                                    

# unicode

"မြောင်မြောင် နမ်းချင်လို့......"

ဒီစကားက ကန်ယုအခုတလော တော်တော်ပြောရတာကြိုက်တဲ့ပုံပါပဲ။လူလစ်တာနဲ့ ဖျက်ခနဲ ဖျက်ခနဲ့ လူကို လာလာနမ်း နမ်း သွားတာ။ သူ့ကြည့်ရတာ
အနမ်းပေးတဲ့စကေးအကျွမ်းနဲ့ပါမွေးဖွားလာသလားမှတ်တယ်။နမ်းလိုက်ရင် လှစ်ခနဲ လှစ်ခနဲ..

ခွေးလေးအတိုင်းပဲ နှုတ်ခမ်းကို လာလာ ယက်နေတာ....
လုံးဝကို သည်းမခံနိုင်စရာပါပဲ.....

အဲ့ဒိခေတ်တုန်းက ကျွန်မတို နမ်းရုံလေးပဲနမ်းရဲတာပါ။အဲ့ဒါလေးနဲ့အရမ်းကိုကျေနပ်နေကြတာ။တကယ်တော့....သူ သတ္တိသိပ်မရှိလို့ပါ။
နမ်းတာက တကယ့် သည်းမခံနိုင်စရာပဲ.....ခဏ ခဏ နမ်း...။နမ်းလွန်းလို့ ရင်တောင်သိပ်မခုန်ချင်တော့တာ အမှန်။
မကြာခင် မှာပဲ သူ ကျွန်မကိုကျိတ်ကြံလာပါတော့တယ်။

"မြောင်မြောင်.....ငါတို့ အကြာကြီး နမ်းကြည့်ရအောင်..ဘယ်နမိနစ်လောက် နမ်းနိုင်မလဲ စောင့်ကြည့်ရအောင်လေ....."

တဲ့။ကျွန်မရဲ့ နှလုံးသားလေး တဒိတ်ဒိတ်ခုန်လာပါတော့တယ်။တကယ်လို့ အကြာကြီးသာ နမ်းနိုင်ခဲ့ရင် ကန်ယု...ကျွန်မကို ပြင်သစ်အနမ်းတွေတော့ နမ်းမလာလောက်ပါဘူးနော်.......

အဲ့ဒါကောင်းပါ့မလား....
အဲ့လိုအနမ်းမျိုးက ပြသနာကြီးကြီးဖြစ်သွားစေနိုင်တယ်လေ။ပြီးတော့ ကျွန်မကအသက်မပြည့်သေးတော့ နောက်တဆင့်မတိုးချင်သေးပါဘူး...
ကျွန်မကသေသေချာချာ တွေးနေတဲ့အချိန်မှာပဲ ကန်ယုက ကျွန်မရဲ့ခေါင်းအနောက်ကို ထိန်းကိုင်ပြီး နမ်းလာပါ​တော့တယ်။

သူက နမ်းဖို့အချိန်တိုင်း ကျွန်မကို ​ တောင်းဆိုပါတယ်။ဒါပေမယ့် ကျွန်မရဲ့အဖြေကို သူမလိုအပ်ပါဘူး။.....

ဟူ.ဟူးဟူးဟူးဟူးး သနားစရာကျွန်မရဲ့နှုတ်ခမ်းလေး

ပထမဆုံးအနေနဲ့ ကျွန်မ အကြာကြီးမနမ်းနိုင်ပါဘူး။မကြာခင်အတွင်း ကျွန်မရဲ့အဆုတ်တွေ ပေါက်ကွဲတော့မလို ခံစားလာရတယ်။
သူကို လှမ်းကြည့်မိတော့ အရမ်းကျေနပ်နေတဲ့ပုံ ရပ်မယ့်အခြေအနေလည်းမရှိဘူး.....

Husband is great black belly (Myanmar Translation) Where stories live. Discover now