ကျောက်ရုပ်လိုခံစားချက်

2.4K 338 16
                                    

နိမ့်ကျတဲ့အစေခံ လို့ ခေါ်ခံလိုက်ရတဲ့ ကျောင်းသားကတော့ အူကြောင်ကြောင်ဖြစ်သွားတယ်။ ကျွန်မလည်း ဒေါသထွက်ထွက်နဲ့ ဆက်အော်လိုက်တော့တယ်။

"ပြောလေ ဘယ်သူအိမ်သာဆေးဖို့သွားချင်လဲ"

ဘယ်သူကသွားမှာလဲ။ ကျွန်မတို့ကျောင်းကအိမ်သာက သိတဲ့အတိုင်း အရင်ခေတ်တုန်းကအိမ်သာလေ။လူတိုင်း အလုပ်ရှုပ်သလို ဟန်ဆောင်နေကြပါရော။သူတို့အလုပ်ကိုလုပ်ဖို့ မြန်မြန်ပြေးကြပါလေတယ်။ လူတစ်ယောက်မှမရှိကြတော့ဘူး။

ကျွန်မလေ ကန်ယုကို တွေးမိလိုက်တဲ့အချိန်တိုင်း အရမ်းဒေါသထွက်လာတယ်။ အာ့ကြောင့် ကျွန်မ သူ့ကိုရှာပြီး ပြသနာရှာဖို့ဆုံးဖြတ်လိုက်တယ်လေ။ ပြောရမယ်ဆိုရင် အဲ့အချိန်တုန်းက ကျွန်မတို့ကျောင်းမှာ အားကစားကွင်း နှစ်ကွင်းရှိတယ်။ အကြီးတစ်ခုက မနက်ခင်းအားကစားချိန်တွေမှာသုံးတယ်။ ကျန်တစ်ခုက မသုံးတော့တာကြာပြီ။ ကျောင်းအုပ်ကြီးပြောတာကတော့ အတန်းသစ်တစ်ခုဆောက်မယ်လို့တော့ပြောတာပါပဲ။အသူံးမပြုတာကြာတော့ အဲ့မှာ မြက်ပင်တွေနဲ့ လူသွားလမ်းတောင် ပျောက်တော့မယ်။
ကျွန်မလေ တအားဒေါသထွက်ပြီး ကန်ယုကိုကြိုးစားပမ်းစား လိုက်ရှာပါတော့တယ်။ တကယ်တော့ ကျွန်မအမြင်အာရုံက သိပ်မကောင်းပါဘူး။ ဒါပေမယ့် ကျွန်မရဲ့ဆဌမအာရုံကအရမ်းကောင်းတယ် အဓိကကတော့ ကျွန်မရဲ့ရန်သူတွေ ပေါ့။ ရေဒါတစ်ခုလိုပဲလိုက်ရှာတော့ တွေ့ပါပြီ ကန်ယုကို သစ်ပင်ကြီးတစ်ပင်အောက်မှာ ။

ဆောင်းရာသီဆိုတော့ မိုးမခပင်ကြီးက အဝါရောင်သမ်းနေပြီး သစ်ရွက်ခြောက် နည်းနည်းလေးပဲ ကျန်တော့တယ်။ အဲ့အောက်မှာ ကန်ယုက လှဲနေတာ နေပူစာလှုံနေတဲ့ပုံပဲ။ သူ့ရဲ့အေးအေးဆေးဆေးအနားယူနေတဲ့အမူအယာတွေက ကျွန်မကိုပိုပြီး ဓာတ်ဆီတွေလောင်းထည့်နေသလိုပါပဲ။ ကျွန်မသာ ခွေးဖြစ်မယ်ဆိုရင် သူ့ဆီ အပြေးအလွှာသွားပြီး ကိုက်ထည့်လိုက်မှာ။ ဒါပေမယ့် ကျွန်မက ခွေး မှမဟုတ်တာ။ ဒီတိုင်းပုံမှန်ပဲလမ်းလျှောက်သွားတာပေါ့။ ကျွန်မသူ့ဘေးနားရောက်တော့

"ကန်ယု ထစမ်း"

သူဘာမှ မတုံပြန်တော့ ကျွန်မ သူနဲ့နီးအောင် ငုံ့လိုက်ပြီး ကြည့်လိုက်တယ်။ ဒင်းက အိပ်နေတာကိုး။ ကျွန်မထိုင်ချလိုက်တယ်။ သူ့နှာခေါင်းကိုပိတ်ပြီး သူနိုးလာအောင်လုပ်မလို့လေ။ သူ့ကိုအနီးကပ်ကြည့်မိလိုက်တဲ့အခါမှာ ကျွန်မစိတ်ထဲတစ်မျိုးဖြစ်သွားတယ်။
အားးးးးးးကျွန်မကိုယ်ကျွန်မ ဘာလုပ်မိလိုက်မှန်းတောင်မသိလိုက်ဘူး

Husband is great black belly (Myanmar Translation) Where stories live. Discover now