အမြင်ပြောင်းလဲလာခြင်း ၂

2.1K 341 15
                                    

ယန်ယန်တစ်ယောက် မျက်လုံးတွေကို ကစားလိုက်တာနဲ့ ကျွန်မ သူမ ဘာကိုဆိုလိုချင်လဲဆိုတာ သိနေပါပြီ။

"ငါ နင့်အိမ်စာတွေကို ကူလုပ်ပေးမယ်ဟယ်"

စိတ်ထဲနာနာကျင်ကျင် နဲ့ ပြောလိုက်မှ သူမ မျက်လုံးတွေ တောက်ပ သွားပြီး

"Ok"

ဟုဆိုကာ ဖိနပ်ကို ချွတ်ချလိုက်ကာ ကုတင်ပေါ်ပြေးတက်လာတယ်။ ခြေထောက်ချိတ်ကာ ချိုချဉ်ကို စုပ်ပြီး

"ကဲ ပြောစေ"

ကျွန်မနည်းနည်းတုံ့ဆိုင်းသွားတယ်။မသေချာတဲ့ကိစ္စကြီး ကို ပြောရမှာကိုပေါ့။ရှက်ဖို့လည်းကောင်းတယ်။မပြောရင်လည်း ကျွန်မစိတ်ထဲ နေလို့မကောင်းပြန်ဘူး။

"နားထောင် ပါးနဲ့မား ကို ပြန်မပြောနဲ့နော်"

ယန်ယန် ခေါင်းညိတ်ပြတော့မှ ကျွန်မ ကန်ယုအကြောင်ကို အသေးစိတ်ပြောပြလိုက်တယ်။
ယန်ယန်က နားထောင်နေရင်း ချိုချဉ် ဂွက်ခနဲ ကိုက်လိုက်ပြီး ဂျိုးဂျိုးဂျွတ်ဂျွတ် အသံတွေမြည်အောင် ဝါးစားနေလေရဲ့။ကျွန်မလည်း ပြောပြီးသွားရော သူမကို မေးပါတယ်။

"နင်ပြောကြည့်စမ်း သူ ငါ့ကို ကြိုက်သလား မကြိုက်သလား "
 
ယန်ယန်က သေသေချာချာတွေးနေပြီး

"အဲ့ဒါက ဖြစ်နိုင်တယ် "

"နင်လည်း ဖြစ်နိုင်တယ် ထင်တယ်ပေါ့လေ"

ကျွန်မလည်း ခုတင်ပေါ် ခုန်တက်လိုက်ပြီး

"ငါ့ကိုပြောကြည့်စမ်းပါ သူ ငါ့ကို ဘာကြည့်ကြိုက်တာလဲ "

ယန်ယန်က ကျွန်မတစ်ကိုယ်လုံးကို ခြုံကြည့်ပြီး

"ငါလည်းသိချင်တယ်။နင့်ကို ဘာကြည့်ကြိုက်နေတာလဲဆိုတာ"

ကျွန်မညီမ ဘယ်လို ပြောလိုက်ပါလိမ့်။သူမ ကျွန်မရဲ့သွေးရင်းညီမရော ဟုတ်သေးရဲ့လားဟင်။

ကျွန်မ နည်းနည်းခါးသီးသွားပြီး

" နင် ဘာစကားပြောလိုက်တာလဲ"

သူမ ကျွန်မစိတ်ဆိုးသွားတာခံစားမိသွားပြီး

"စိတ်မဆိုးပါနဲ့ဟာ။ငါက ရိုးရိုးသားသားပြောတာပါ။နင့်ပုံစံက ဆဲလ်တစ်ခုတည်းရှိတဲ့ တရိစ္ဆာန်နဲ့တူတယ်။

Husband is great black belly (Myanmar Translation) Where stories live. Discover now