ခယ်မလေး ၃

2K 322 9
                                    

ကျွန်မမှတ်မိသလောက်တော့ ယန်ယန့်မှာ ပိုက်ဆံမရှိတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ သူမရဲ့မုန့်ဖိုးတွေကို စက်ဘီးဝယ်ဖို့သုံးလိုက်သောကြောင့်ပင်။မနေ့က အဖေ ပေးတဲ့မုန့်ဖိုးကိုလည်း ချောကလက်တွေအကုန်ဝယ်ပစ်လိုက်သေးတယ်။ဘယ်ကနေ အစာသွပ်ဝက်အူချောင်းကို ဝယ်နိုင်မှာလဲ။ဒါပေမယ့် အဲ့အကြောင်းတော့ ကျွန်မမမေးတော့ပါဘူး။ တခြားတစ်ခုတော့မေးကိုမေးရမယ်။

"အခုလေးတင် ငါနင့်ကိုသွားရှာသေးတယ် နင့်ကိုမတွေ့ခဲ့ဘူး ဘယ်တွေသွားနေတာလဲ"

ယန်ယန်ကတော့ ထမင်းဘူးထဲက ရှိသမျှထမင်းတွေအကုန်စားကာ ရှုရင်ရဲ့ထမင်းဘူးကနေတောင် နှိုက်စားလိုက်သေးတယ်။ကျွန်မမေးတာကို ကြားတော့

"ငါ အားကစားကွင်းဖက်ကို လျှောက်သွားကြည့်နေတာ နေရာအသစ်နဲ့ရင်းနှီးအောင်လို့လေ"

"တစ်ယောက်တည်းလား"

ကျွန်မ နည်းနည်းစိုးရိမ်မိသွားပေမယ့် ရအောင်တော့မေးမိလိုက်တယ်။ယန်ယန်ကတော့ ပါးစပ်အပြည့်ထမင်းစားနေတာမို့ ပြန်မပြောနိုင်ပဲ ခေါင်းပဲညိတ်ပြခဲ့ပါတယ်။

ရုတ်တရက်ကြီး ကျွန်မရင်ထဲ အေးစက်သွားပြီး နာကျင်လာတယ်။ယန်ယန်ကျွန်မကို ညာနေတာပဲ။အခုလေးတင် သူမ ကန်ယုနဲ့တူတူရှိနေခဲ့တာလေ။ကျွန်မ သူမညာနေတာကို ဖွင့်ပြောချင်မိသွားတယ်။ကျွန်မညီမ ယန်ယန်အနေနဲ့လည်း သူငယ်ချင်းတွေထားခွင့်ရှိတာပဲလေ။ကန်ယုကလည်း မကောင်းတဲ့လူမျိုးလည်းမဟုတ်ဘူး။အဲ့ဒါကြောင့် ကျွန်မမှာ ကန့်ကွက်စရာ ဘာအကြောင်းပြချက်မှလည်းမရှိဘူးလေ။ကျွန်မ ထိုင်ခုံမှာပဲ တိတ်တိတ်လေးထိုင်နေခဲ့တယ်။ရုတ်တရက်ကြီး ကျွန်မမျက်ရည်တွေ ကျလာခဲ့တယ်။အဲ့အချိန် ယန်ယန်က ထမင်းစားပြီးသွားတော့ ထမင်းဘူးကိုသိမ်းပေးရင်း

"ငါ စားပြီးသွားပြီ"

ပြောကာ ချက်ချင်းထွက်ပြေးသွားတော့တယ်။ကျွန်မ ကန်ယု အခန်းထဲဝင်လာတာကိုလည်း မမြင်ခဲ့ပါဘူး။ကျွန်မမျက်လုံးတွေက မျက်ရည်တွေနဲ့ဝေဝါးနေခဲ့တယ်။

"မြောင်မြောင် နင်ဘာလို့ငိုနေတာလဲ"

ရှောင်ဆောင်က မေးတဲ့အခါမှ ကျွန်မ မျက်နှာကို စမ်းကြည့်မိတယ်။မျက်ရည်တွေပါလား။

Husband is great black belly (Myanmar Translation) Where stories live. Discover now