အချစ်စွမ်းအားတဲ့လား

2.4K 568 21
                                    

ကန်ယုနဲ့ကျွန်မရဲ့ကောလဟာလကဆက်ပြီးတော့ဇာတ်လမ်းတွဲတွေလို အဆက်ပေါင်းမြောက်များစွာနဲ့ နာမည်ကြီးနေတုန်းပါပဲ။
ကန်ယုနဲ့ကျွန်မ ခရိုင်အဆင့်အပြေးပြိုင်ပွဲမှာဝင်ပြိုင်ခဲ့တော့ ပထမဆုရခဲ့တယ်လေ။အဲ့လောက်လေ့ကျင့်ရတာတော့ ကျွန်မအနေနဲ့ဘာမှမဖြစ်ပါဘူး ဒါပေမယ့် လေ့ကျင့်ပြီးသွားရင် ချွေးစော်တွေနံနေလို့ မကြိုက်တာ။
အဲ့ဒါကို ဘာမှမသိနားမလည်တဲ့ အကောင်စုတ်တွေက

"အချစ်စွမ်းအားတွေ"တဲ့
ဘာ အချစ်စွမ်းအားဟုတ်လား အဲ့ဒါက ငါရဲ့စွမ်းရည်နဲ့ကြံ့ခိုင်မှုကြောင့် ရတာပါနော်။ဒီလိုပြောခံရမယ်မှန်းသိခဲ့ရင် အစကတည်းက ရှုံးအောင်လုပ်ခဲ့တယ်။😭😭😭

အဲ့ဒါပြီးတော့ စာပေအချိန်တုန်းက အပြစ်ပေးခံထားရလို့ ကျွန်မအဲ့အချိန်ဆိုကြိုးစားပြီး လိုက်မှတ်တယ်။အရင်တုန်းက ကျွန်မက အဲ့ဘာသာဆို အမှတ်နည်းတယ်။(တစ် ကနေ တစ်ဆယ် ဆို ခြောက် လောက်ပေါ့)ဒါပေမယ့် အခုကျတော့ ကျွန်မ စာမေးပွဲရမှတ်က မြင့်လာတဲ့အပြင် တတိယကိုတောင် ချိတ်ခဲ့တယ်လေ။ကျွန်မကိုယ်ကျွန်မတောင် မယုံနိုင်ခဲ့ဘူး အရမ်းလည်းပျော်ခဲ့တယ်။နောက်ဆုံးတော့ ကျွန်မကြိုးစားခဲ့သမျှ အခုပြန်လည်ရရှိခဲ့တယ်လေ။ပညာရှိတွေပြောတာတော်တော်မှန်တာပဲ။ ဒါပေမယ့် Teacher Sun က အဲ့လိုမတွေးခဲ့ဘူးလေ။ သူက ကန်ယုပြောခဲ့တာကို မှတ်မိနေတာ ဘာတဲ့ "အောင်မြင်တဲ့မိန်းမတွေရဲ့နောက်ကွယ်မှာ
ထောက်ပံ့ပေးနေတဲ့ ယောက်ျားကောင်း ရှိတယ် " ဆိုတဲ့ဟာလေ။

အတန်းချိန်မှာဆိုလည်း အမြဲတမ်း အဲ့စကားကို ထုတ်ပြောပြီးအတန်းသားတွေကို ကျွန်မနဲ့ကန်ယုကို အတုယူသင့်ကြောင်း။တစ်ယောက်နဲ့တစ်ယောက် ကူညီသင့်ကြောင်း။ကျွန်မတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းကောင်းတော့ အတုယူသင့်တယ် ဘာညာနဲ့ပြောနေတော့တာပါပဲ ။
ဘာ ကောင်းမွန်တဲ့ဆက်ဆံရေးလဲ ဟမ် ။ ဘာ တစ်ယောက်ကိုတစ်ယောက် ကူညီတာလဲ ။ အတန်းသားတွေကြားတော့ ကျွန်မနဲ့ကန်ယုက ချစ်သူလိုလိုရည်းစားလိုလို မြင်ကုန်ရော ။ကျွန်မတို့နှစ်ယောက်ရဲ့အချစ်က ချိုမြိန်တော့ စာမေးပွဲ ရလဒ်တွေတောင် တိုးတက်လာတယ် ဆိုပြီးတော့ပေါ့။ဒါကြောင့် အချစ်စွမ်းအား တဲ့လေ။ ဖူကျွင်းဆိုတဲ့ နာမည်ပြောင်ကလည်း ပျောက်ကွယ်သွားခြင်းမရှိတော့ပဲ တံဆိပ်တုံးနဲ့ထုထားသလို စွဲမြဲနေပါတော့တယ်။ အဲ့လိုကိစ္စတွေကြောင် Teacher Sun က. ကန်ယုကို ကျောင်းသားတွေရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ယူခိုင်းလိုက်ပါတော့တယ်။
တကယ့်ကိုယ်စားလှယ်က ဇောင်လိဂျန်း ။သူက နေမကောင်းလို့ ခွင့်ရက်ရှည်ယူထားတယ် ။အဲ့ဒီတော့ ကန်ယုက အလိုလို နေရာရသွားတာပေါ့။ အဲ့ဒါက စပြသနာတက်တာပဲ။ကျွန်မနဲ့ကန်ယု အတူတူတစ်ခုံတည်းထိုင်တယ် ကျောင်းအစည်းအဝေးရှိရင် အတူတူသွားရတယ်။ပြောချင်တာက ကျွန်မတို့တွေ အစည်းအဝေးရှိရင်ပဲဖြစ်ဖြစ် ပွဲတစ်ခုခုလုပ်စရာရှိရင်ပဲဖြစ်ဖြစ် ကန်ယုက ကျွန်မဘေးနားမှာ အမြဲရှိနေတယ်လေ။ ပြီးရင် ကျွန်မကိုပဲစိုက်ကြည့်နေတော့တာ။

Husband is great black belly (Myanmar Translation) Where stories live. Discover now