အတိအလင်းတွဲပြီ ၂

2.2K 333 14
                                    

"နင် ငါ့ကို ခွေးရူးပြောလိုက် အရူးပြောလိုက်နဲ့ လုပ်နေတာ ရပ်သေးဘူးလား။တကယ်လို့ ငါက ခွေးဖြစ်ခဲ့ရင်တောင် ငါ့ရဲ့လက်တွဲဖော်ကို Tibetan Mastieff လိုမျိုးကိုရှာမှာ"

ယန်ယန်က လက်မထောင်ပြလိုက်ပြီး

"ဟုတ်တယ် ကန်ယုကလည်း tibetan mastiff လိုမျိုးကောင်းမယ်ဆိုတာ ငါသိတယ် အာ့ကြောင့်မလို့ နင်တို့နှစ်ယောက်က ပြီးပြည့်စုံတဲ့ အတွဲဖြစ်လာမှာပါ"

ရုတ်တရက် ကျွန်မ ဗိုက်အောင့်သလိုခံစားလိုက်ရတယ် ။ဒီကောင်မလေးတော်တော်စကားပြောကောင်းတာပဲ ကျွန်မ လုံးဝမယှဉ်နိုင်ပါဘူး။

ကျွန်မ စိတ်ထဲကနေ ခံစားရတဲ့အတိုင်း လေးလေးနက်နက်နဲ့

"ငါ သူ့ကိုမမုန်းပါဘူး ဒါပေမယ့် မမုန်းတာနဲ့ပဲ ကြိုက်တယ်လို့ခေါ်တာလား ငါတကယ်မသိဘူး"

ယန်ယန်က

"ဘာကြောင့် တစ်ခေါက်လောက်အခွင့်အရေးမပေးချင်တာလဲ"

ကျွန်မ ဆွံ့အသွားတယ်

"အခွင့်အရေး???"

ယန်ယန်က ခေါင်းကိုငုံ့လိုက်ပြီး

"ငါ့ကို ငါးဒေါ်လာရအောင် ဘ့ာလို့မလုပ်ပေးချင်ရတာလဲလို့"

ကျွန်မ တော်တော်ဒေါသထွက်သွားပြီ။ယန်ယန့်ခေါင်းကိုခေါက်ချလိုက်ပြီး

"ကောင်မစုတ်လေး ငါးဒေါ်လာလိုချင်တာနဲ့ပဲ နင် နားထောင်စမ်း
ကန်ယု ဆီက ပိုက်ဆံတွေ ထပ်မယူနဲ့တော့"

ယန်ယန် ခေါင်းကိုပွတ်လိုက်ပြီး

"တွေ့လား ပါးစပ်ကသာ မသိဘူး မသိဘူး ပြောနေတာ ကြည့်လိုက်တာနဲ့ ဒီလောက်သိသာနေတာ နင့်ရင်ထဲက သူ့နေရာက ငါနဲ့ယှဉ်ရင် ပိုပြီးနေရာယူထားတယ်ဆိုတာအသိသာကြီး ။နင် သူနဲ့တောင် လက်မထပ်ရသေးဘူး ပိုက်ဆံတွေကို သိမ်းထားချင်နေပြီလား"

ကျွန်မပေါက်ကွဲသွားပြီး ထခုန်လိုက်ကာ
"နင် ပေါက်ကရတွေ မပြောနဲ့ ကြည့်နေ နင်ကိုဘယ်လိုလုပ်ပြမလဲဆိုတာ"

ယန်ယန်လည်း ခုန်ထွက်လိုက်ပြီး

"လူသတ်သမား လူသတ်သမား ယောကျာ်းတစ်ယောက်အတွက်နဲ့ ညီမဖြစ်သူကိုသတ်ဖို့လုပ်နေပါတယ်"

Husband is great black belly (Myanmar Translation) Where stories live. Discover now