ခယ်မလေး ၁

2.2K 327 1
                                    


ကန်ယုက ငါ့ကိုကြိုက်တယ်...... ကန်ယုက ငါ့ကိုကြိုက်တယ်....ကန်ယုက ငါ့ကိုကြိုက်တယ်.......

ဒီစကားလုံးတွေက ကျိန်စာလိုပဲ ကျွန်မ နွေရာသီကျောင်းပိတ်ရက်တွေအတွက် ။ကျွန်မ မုန့်ဖိုးတွေရရင်တောင် အရင်လို စိတ်မလှုပ်ရှားမိတော့ဘူ။

သူ ငါ့ကို တကယ်ရောကြိုက်ရဲ့လား?......
ကြိုက်လား ကြိုက်လား?........

ယန်ယန်ကတော့ ကြိုက်တယ် လို့ပြောတယ်။ကန်ယုကတော့ ဘာမှမပြောသေးဘူး။

အားးးးစိတ်ပျက်စရာပဲ!!!!

ညနေ ထမင်းစားချိန်မှာ အိမ်က မိဖုရားခေါင်ကြီးက အမိန့်ထုတ်လိုက်ပါတယ်။

"မြောင်မြောင် နောက်လာမယ့် နှစ်ကနေစပြီး ယန်ယန် သမီးရဲ့ကျောင်းကိုပြောင်းလာလိမ့်မယ်"

ကျွန်မ သီးသွားတာဆိုတာ ထမင်းစေ့တွေနှာခေါင်းကနေ ထွက်ခါနီးနီးဖြစ်သွားတယ်။

"ဟမ်"

"ဘာဟမ်လဲ ညည်းနော် ထမင်းကိုကောင်းကောင်းစားစမ်း"

"အဲ့ဒါကဘာမှမဟုတ်ဘူး။ဘာလို့သူမက ပြောင်းရတာလဲ"

ကျွန်မ ထမင်းစားတူကိုချလိုက်တယ်။အမေက ကျွန်မကို သေစေနိုင်လောက်တဲ့အကြည့်တွေနဲ့ပစ်ခွင်းနေပါစေ မသိသလိုဟန်ဆောင်ရင်း ယန်ယန်ကိုမေးလိုက်တယ်။

အမေက ကျွန်မကိုပြန်ဖြေပေးပါတယ်။

"Suburbanက ပညာရေးအဆင့်က Urban နဲ့ယှဉ်ရင် သိပ်မဆိုးပေမယ့် high school ဝင်ခွင့်အနေနဲ့ကျတော့
Urban ကျောင်းက ပိုပြီးအခွင့်အရေးကောင်းလို့လေ အဲ့ဒါကြောင့် ဒုတိယ semester တည်းက ပြောင်းထားမလို့လေ"

ကျွန်မ သိပါတယ်။အဲ့ဒိတုန်းက ကျွန်မက ကျွန်မအမေတာဝန်ကျတဲ့နေရာကို လိုက်ပြီး ယန်ယန်က အဖေနဲ့တူတူ ရှန်ဟိုင်းက Min Hang ပြည်ကိုလိုက်သွားခဲ့တယ်။ ၉၀ ခုနှစ်တွေ တုန်းကတော့ Min Hang ပြည်က ရွာလေးသာသာပါပဲ ။ဒါပေမယ့် ဆယ်နှစ်ကြာပြီးတဲ့နောက်ပိုင်း အရမ်းကို တိုးတက်သွားမယ် ဆိုတာ ဘယ်သူသိမလဲ။

ဒါပေမယ့် Urban က ပညာရေး အဆင့်အတန်းက Suurban ထက်ပိုမြင့်ပါတယ်။ဒါကြောင့် Urban ကိုပြောင်းတာလည်း မှန်ပါတယ်လေ။ကျွန်မ အမေ့ရဲ့အခက်အခဲတွေကိုလည်း နားလည်ပါတယ်။အဲ့ဒိတုန်းက ယန်ယန်က အဖေ့နောက်ကိုလိုက်သွားတော့ အမေက အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ဒါပေမယ့် အဖေ တွေးတာက သမီးနှစ်ယောက်ရှိတာ တစ်ယောက်မှမလိုက်ဘူးဆိုရင် သူစိတ်မချတွေဖြစ်နေရလိမ့်မယ်ပေါ့။အဲ့ကိစ္စကြောင့် အမေနဲ့အဖေ အငြင်းအခုန် တေဖြစ်ကြတယ်။အမေက အရမ်းခေါင်းမာတယ် ဒါပေမယ့် အလျှော့ပေးပြီး ခွင့်ပြုလိုက်ပါတယ်။

Husband is great black belly (Myanmar Translation) Where stories live. Discover now