ကန်ယုအိမ်သိူ့ ၃

1.2K 176 2
                                    


အန်ကယ်ရှန် ပဲနို့ဝယ်ဖို့ အနည်းငယ် ရှုပ်ထွေးသွားသလို ခံစားလိုက်ရတဲ့ပုံပဲ။
ကန်ယုက ကျွန်မကိုပြောတယ်
" ငါ မျက်နှာသွားသစ်လိုက်ဦးမယ်  ငါ့ကို စောင့်နေနော် "
ကျွန် ခေါင်းညိတ်လိုက်ပြီး ဧည့်ခန်းထဲမှာ ငြိမ်သက်စွာ ထိုင်ပြီး သူ့ကို စောင့်နေလိုက်တယ်။သိပ်မကြာလိုက်ပါဘူ။ ကန်ယု လှေကားထက်ကနေဆင်းလာပြီး..

"မနက်စာ စားချင်လား "

"ငါ စားပြီးခဲ့ပြီ "

ကျွန်မ ပြန်ဖြေရင်း သူ့စားပွဲပေါ်မှာ ကျွန်မရဲ့လွယ်အိတ်ကို တင်ပြီး english စာအုပ်ကို ထုတ်လိုက်တယ်။

"အရမ်းတော်တယ် အရမ်းလိမ်မာတာပဲ"

ကန်ယုက ကျွန်မနားကပ်လာပြီး

" ငါ လုပ်ပြီးသွားတဲ့ လေ့ကျင့်ခန်း တွေကို ထုတ်ပေးထားတယ်။အဲ့ထဲက တချို့ မေးခွန်းတွေ စာမေးပွဲမှာ ပါလိမ့်မယ်လို့ ငါထင်တယ် "

"တကယ်?  မြန်မြန် ပြ ပေး"

ကန်ယုက အဂ်လိပ် မေးခွန်းတွေကို ခန့်မှန်းနိုင်နေတဲ့အချိန်မှာ ကျွန်မက အရမ်းကို ညံ့ဖျင်းနေခဲ့တာပါပဲ။
သူ စာရွက်အချို့ကို ထုတ်လာပြီး အနီရောင်တွေနဲ့ မှတ်ထားတဲ့ နေရာတွေကို ထောက်ပြရင်း

"ဒါတွေက အဲ့ထဲက တချို့ပဲ ။မင်းကြည့်လိုက်ဦး ပြီးရင် လေ့ကျင့် "

" Grammar ကြီးလား...ငါ tenses တွေကို အရမ်းမုန်းတာပဲ.

English စာမှာရှိတဲ့ tenses တွေက လုံးဝကို ပုံမှန်မဟုတ်ဘူး။

"​Multiple choice ရယ် ကွက်လပ်ဖြည့် ရယ်ဒါတွေကတော့ ပါလာဖို့ အလားအလာ ရှိတယ်။ မင်းလေ့လာရမယ်။ တစ်မှတ်ဆိုတာက နည်းတယ်ဆိုပေမယ့်လည်း တန်ဖိုးရှိတယ်နော် "

ကျွန်မ စပြီးတော့ လိုက်မှတ်တော့တယ်။အရောင် ငါးခုနဲ့တောင် သုံးပြီး လိုက်မှတ်တာ။ရုတ်တရက် အန်ကယ်ရှန်ကို တွေးမိသွားပြီး

"နောက်ဆို နင် အန်ကယ်ရှန်ကို အဲ့လိုမျို မပြောရဘူးနော်။ သူ မှာ့ လန့်သွားရှာတယ် "

" ဟားဟားငါက. မင်းထက် သူ့ကိုတော်တော်လန့်အောင် လုပ်မိလိုက်တာ.."

Husband is great black belly (Myanmar Translation) Where stories live. Discover now