အပိုင်း ၄၁

852 145 6
                                    


ကျွန်မတို့ပြောနေတာကို ChaoMin က ကြားတော့ အံ့သြမှင်တက်စွံ့အသွားတဲ့လေသံဖြင့်

" ငါအမြဲတွေးနေတာလေ..ဝမ်ရဲကမိန်းမကြောက်တယ်လို့...အခုတော့မဟုတ်ဘူးပဲ...အရမ်းကောင်းတယ် ဝမ်ရဲ..နင်က ငါတို်ရဲ့ဂုဏ်ဆောင်ပဲ "

သူမ ဘာကိုဆိုလိုသလဲဆိုတာ ကျွန်မသိတာပေါ့။ ကျွန်မအတန်းခေါင်းဆောင်ဖြစ်တုန်း ယောကျာ်း​
လေးတွေက ကျွန်မ
လက်အောက်မှာပဲလေ..အခုကျွန်မ ကန်ယုရှေ့မှာ ဒီလိုဖြစ်နေတော့ သူတို့တော်တော်ပျော်နေကြတာပဲ။

အန်တီကြီးကတော့ အဲ့လိုမဟုတ်ရှာပါဘူး...ကျွန်မကိုလှမ်းကြည့်ပြီး စိတ်ပျက် ရွဲ့စောင်းတဲ့ အသံနဲ့..

'' ဒီနေ့ခေတ်ကလေးတွေများ ထူးဆန်းပါ့အေ..သူတို့ခေါင်းတွေထဲ ဘာတွေ
များပြည့်နေပါလိမ့်..ဘာတဲ့ လမ်းခွဲတယ် ဖောက်ပြန်တယ်နဲ့
နင်တို့ အသက်တွေဘယ်လောက်များရှိသေးလို့လဲ "

ဆိုပြီး မြည်တွန်တောက်တီးနေလေရဲ့။

အိုး....အန်တီလုပ်တာနဲ့ ကျွန်မတို့အကြောင်းလူတွေသိကုန်ကြပြီ။

ကန်ယုမျက်နှာကြီးနီရဲလာပြီး ကျွန်ကို အတင်းဆွဲခေါ်သွားတယ်...သူခေါ်ရာနောက် ကျွန်မလည်း မဆန့်ကျင်ဘဲ လိုက်လာရတာပေါ့။

စိတ်တွေရှုပ်လိုက်တာ..သူစိတ်ဆိုးပုံကြည့်ရတာ တစ်ခုခုရှာပြီး ကျွန်မကို ရိုက်တော့ မလားလို့တောင် ကျွန်မတွေးမိလိုက်တယ်။
ကျွန်မသူခေါ်ရာလိုက်လာရင်း bus ကားပေါ်တက်လိုက်လာရတယ်...အန်ကယ်ရှန်တို်အိမ်ဘက်သွားတဲ့လမ်းတော့ မဟုတ်ဘူး။ တခြားနေရာကိုသွားနေတာပဲ..ကားပေါ်ကဆင်းတော့ လမ်းတစ်ဖက်ခြမ်းကိုကူးပြီး ဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်လိုက်တယ်။

'' ရောက်ပြီ "
ကန်ယုရဲ့မျက်နှာဟာ ရွာတော့မဲ့မို့လို ညိုမှောင်နေတုန်းပါပဲ။ ကျွန်မတစ်ခြားနေရာလဲဝေ့မကြည့်ရဲတော့ရှေ့တည့်တည့်မှာ ရှိတဲ့ Auto မောင်းလို့ရတဲ့စက်ဘီးဆိုင်ကိုပဲ စိုက်ကြည့်နေမိတော့တယ်။
'' စက်ဘီးဝယ်ချင်လို့လားဟင် ''
ကျွန်မ ChaoMin ပြောတာ သတိရသွားမို့ မေးမိလိုက်ပေမဲ့..

Husband is great black belly (Myanmar Translation) Where stories live. Discover now