အပိုင်း ၅၀

563 95 7
                                    

#unicode

ယန်ယန် တို့ကျောင်းကတော့ ညွှန်ကြားစာ မရခဲ့လို့ မလေ့ကျင့်ခဲ့ရပါဘူး....ဒါကြောင်မို့ သူမကတော့ တော်တော့်ကို မပျော်မရွှင်ဖြစ်နေခဲ့ပါတော့တယ်။လေ့ကျင့်ရတဲ့ကျောင်းတွေရဲ့ကျောင်းသားလေးများကတော့ အကုန် ရိုးရာနဂါးအက ကိုလေ့ကျင့်ရပါတယ်။အရောင်ကတော့ ပြောပြစရာမလိုဘူး။လုံးဝကိုရုပ်ဆိုးပန်းဆိုးအရောင်ကြီးပါ။အကျီတွေအကုန်ကြပ်ထုပ်။အားကစားဖွင့်ပွဲတုန်းက ဝတ်တဲ့အကျီတွေလိုမျိုးပါပဲ ။ကန်ယု အဲ့လိုမျိုးဝတ်ပြီး ကျွန်မအရှေ့ရောက်လာတဲ့အခါမှာတော့ သူ့ပုံစံက လုံးဝ လုံးဝကို ဆွဲဆောင်မှုရှိနေတာ အမှန်ပင်။

ဒါပေမယ့်...သူ့ရဲ့အောက်ပိုင်းက....လုံးဝ....လုံးဝ ကို ကြပ်ထုပ်နေ​ေတာ့လေ....အရမ်း...အရမ်း.....

အဲ့ဒိတုန်းကဆို ကျွန်မကိုယ်ကျွန်မ နှာခေါင်းသွေးများ လျှံနေပြီလားတောင် ထင်ခဲ့ရတယ်။ကျွန်မ သူ့ကိုကြည့်ရတာကျင့်သွားရပြီးတဲ့နောက်မှာတော့ ကျွန်မရဲ့ကမ္ဘာလေးက မအေးချမ်းတော့ပါဘူး။
ကန်ယုကို လာငမ်းသမျှ ကောင်မလေးတွေကို မျက်စောင်းတဝင့်ဝင့်နဲ့ ကြည့်နေရတာ အမော။

ရှစ်လကြာ လေ့ကျင့်မှုကြီးက ကျွန်မတို့အတွက်တော့ ပျော်ပွဲစားအတိုင်းပင်။အချိန်တိုင်း ကျွန်မတို့လေ့ကျင့်ကွင်းကိုသွားကြတယ်။ဘာမှလုပ်စရာမရှိဘူး။ထိုင်စောင့်တယ်။ငေးမောတယ်။ကျွန်မတို့က ကျောင်းမှာကတည်းက အိမ်စာပြီးအောင်လုပ်ခဲ့တော့ လေ့ကျင့်တာနားရင် ကျွန်မတို့ ကတ်ကစားကြပါတော့တယ်။

Xiao fan,Da shaung,Liu li Jun,Kan Yu,Xu Yin
တို့အားလုံးတူတူရှိနေကြတော့ ကတ်ကစားရအဆင်ပြေတာပေါ့။ကျွန်မတို့ပဲ ကံဆိုးတာလား ဘာလားတော့မသိပါဘူး။ကျွန်မတို့ကို တာဝန်ယူရတဲ့ဆရာမတွေက လုံးဝကို ပုံမှန်မဟုတ်ပါဘူး။သူတို့တွေ တန်းစီဖို့ ခေါ်ရင် ကျွန်မတို့ ချက်ချင်းရောက်အောင်သွားရပါတယ်။နောက်ကျတာနဲ့ တန်းစီတဲ့နေရာကနေ ထုတ်ခံရပါတယ်။လူတွေအများကြီးလေ့ကျင့်နေကြတော့ တစ်ယောက်ထုတ်ခံရတာနဲ့ ဝိုင်းဝန်းကြည့်ကြတဲ့ဒဏ်ကိုမခံနိုင်တာနဲ့ ဘယ်သူမှ နောက်မကျရဲကြပါဘူး။ဒါကြောင့်မို့လို့ တန်းစီ လို့အော်တာနဲ့ ချက်ချင်းအရောက်သွားကြရပါတယ်။

Husband is great black belly (Myanmar Translation) Where stories live. Discover now