အပြစ်ပေးခံရခြင်း

2.8K 335 20
                                    

ကျွန်မအိမ်ကို ဘယ်လိုပြန်ရောက်လာခဲ့မှန်းမသိပါဘူး။ ဘောင်းဘီကိုသေချာရောဝတ်ဖြစ်လား။ မဝတ်ဖြစ်လား တောင် မမှတ်မိတော့ဘူး။ ဒါပေမယ့် ဘာများကွဲပြားသွားဦးမှာလဲ။ ဘာပဲဖြစ်ြဖစ် ကျွန်မကို မြင်သွားပြီလေ။ အဲဒိတော့ ကျွန်မ ဘောင်းဘီဝတ်ဖြစ်လား မဝတ်ဖြစ်လား ဆိုတာ အရေးမကြီးတော့ဘူးမလား?။
ကျွန်မ အိမ်ပြန်ရောက်တာနဲ့ တခါတည်း ကျွန်မအခန်းထဲဝင်တန်းဝင်ပြီး ခုတင်ပေါ်ပစ်လှဲလိုက်ပြီး အဲ့ဒိကိစ္စကိုပြန်ပြန်တွေးမိပြီး အိပ်ရာထဲလှိမ့်လိုက် ငိုလိုက် လုပ်နေရင်း အိပ်ပျော်သွားတော့တာပဲ။ နိုးလာတော့ မနက်ဖြန် ကျောင်းတက်ရလား မတက်ရလား ဆိုတာ သိချင်ပြီး ပြက္ခဒိန်ကြည့်မိပါတယ် ကျွန်မထပ်အော်ငိုမိပါတော့တယ်။

မနက်ဖြန် သောကြာနေ့လေ။ သောကြာနေ့ဆိုပေမယ့် မကောင်းဆိုးဝါးသောကြာနေ့လေ။ ကျွန်မဘာလုပ်သင့်လဲ။ ကျွန်မ ဘယ်လို ကန်ယု နဲ့ မျက်နှာချင်းဆိုင်ရမလဲ?
ကျောင်းရောက်တော့ စာသင်ခန်းထဲတိတ်တိတ်လေး တလှမ်းချင်း တလှမ်းချင်း သွားနေတော့ အတန်းဖော်တစ်ယောက်က

"အတန်းခေါင်းဆောင် နင်ဘာဖြစ်နေတာလဲ"

ကန်ယု သတိမထားမိအောင် တိတ်တိတ်လေးလာပါတယ်ဆိုမှ

"နင်နဲ့ဘာဆိုင်လဲ"

လှည့်ပြောပြီး ကိုယ့်နေရာကိုယ် မြန်မြန်ဆန်ဆန်သွားထိုင်လိုက်တော့တယ်။ ဘေးနားမှာ ကန်ယုက မိန့်မိန့်ကြီးထိုင်လို့။ အာ့နဲ့ ကျွန်မလည်း သူ့ကို

"good morning "

နင့်ဖင်ကြီးပဲ good morning ကျွန်မကိုယ့်ဘာသာကိုယ် စိတ်ထဲမေတ္တာပို့လိုက်မိတယ်။ ကန်ယုက ကျွန်မကို ဘာမှလည်းပြန်မပြောတော့ စိတ်ထဲ တစ်ထိတ်ထိတ်နဲ့

"မနေ့က....... "

ကန်ယုအသံထွက်လာတော့ ကျွန်မတစ်ကိုယ်လုံးရှိန်းခနဲ။ကျွန်မခေါင်းတွေ ထူပူသွားပြီး ဘာလဲ မနေ့ပ။ မနေ့က ဘာဖြစ်လို့လဲ မပြောပါနဲ့ မပြောပါနဲ့ စိတ်ထဲ စကားလမ်းကြောင်းဘယ်လိုပြောင်းရမလဲတွေးနေတုန်းဟုတ်ပြီ သူ့ကို မနက်စာ စားပြီးပြီလား မေးရမယ်။ ဒါပေမယ့် ကျွန်မခေါင်းထဲမှာ မနေ့က ကိစ္စက ရောက်နေတော့ ဘာပြောလိုက်လဲဆိုတာ

Husband is great black belly (Myanmar Translation) Where stories live. Discover now