အပိုင်း ၅၂

736 108 5
                                    

#unicode

ကန်ယုကအရပ်ရှည်လာသလို သူ့ရဲ့ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးလေးတွေပါ ရှည်လာခဲ့ပါပြီ။နည်းနည်းထူပြီး စူးစူးရှရှဖြစ်လာတော့ ကန်ယု သည်းမခံနိုင်လို့ ရိတ်ဖို့လုပ်တော့..အန်ကယ်ရှန်က သူ့ကိုစည်းရုံးပါလေရော..

"မရိတ်စမ်းပါနဲ့.....သူ့ဟာသူပေါက်ပါစေ...တကယ်လို့ရိတ်လိုက်မယ်ဆိုရင်...နောက်ပြန်ထွက်လာရင် ပိုထူပြီး ပိုကြမ်းကုန်ရော ....မင်းကိုယ်မင်း ဝက်ဝံတစ်ကောင်လို မဖြစ်ချင်ရင်....မင်းကောင်မလေးကို ထွက်မပြေးစေရင် မရိတ်နဲ့.... "

ကျွန်မကတော့ ဘေးနားကနေ နားထောင်ရင်းပြုံးနေခဲ့တယ်။ကန်ယုက ကျွန်မကို ကြည့်လိုက်ပြီး
အန်ကယ်ရှန်ကို အထွန့်တက်ပြန်ပါတယ်

"သည်းမခံနိုင်တော့ဘူးဗျာ...."

"ဘာလို့သည်းမခံနိုင်တာလဲ..ငါတို့က ယောကျာ်းတွေ။ပါးသိုင်းမွှေးပေါက်တာက သဘာဝပဲ။သည်းခံလိုက်စမ်းပါ...နောက် မင်းကောင်မလေးက မင်းကို သည်းမခံနိုင်ပဲ ထွက်ပြေးမှ ငါသတိမပေးဘူးမလုပ်နဲ့နော်...."

အန်ကန်ရှန်က ကန်ယုလက်ထဲက ဓားကိုယူပြီး ကျွန်မကို လက်ညိုးထိုးပြကာ

"ပြီးတော့...မင်းကောင်မလေးကို ကြည့်လိုက်စမ်း...
ဖြူဖြူဖွေးဖွေးနူးနူးညံ့ညံ့လေး..မင်းပါးသိုင်းမွှေး ထူပြီးကြမ်းသွားရင် မင်းကောင်မလေး ပွန်းမိလိမ့်မယ်..."

အမ်....သူတို့တွေ...ဘာအဓိပ္ပါယ် နဲ့ပြောနေကြတာလဲ.....
ဘာလို့ကျွန်မနဲ့.. ကန်ယုရဲ့ပါးသိုင်းမွှေးမုတ်ဆိတ်​​ မွှေးတွေက  ဆက်စပ်သွားရတာလဲ.....ကန်ယုက သူ့မေးစေ့က အမွှေးတွေကို ပွတ်နေရင်း....
လေးလေးနက်နက်တွေးနေပါ​တော့တယ်။ပြီးတော့ သက်ပြင်းချ လိုက်ကာ

"ကောင်းပြီ...ကျွန်တော် သည်းခံလိုက်မယ်...."

"ဒါက အကောင်းဆုံး နည်းပဲ...."

ဟု အန်ကယ်ရှန်က ကန်ယုရဲ့ပခုံးကို ပုတ်လိုက်ကာ ပြောလာပါ​တော့တယ်။

"ငါ  မင်းကို အလှဆီတချို့ ပေးမယ်..အဲ့ဒါကိုအရင်သုံးထား...အဆင်ပြေလီမ့်မယ်...."

"ဟုတ်....."
အန်ကန်ရှန်က ဓားကိို သိမ်းလိုက်ပြီး အပြင်သွားဖို့ ပြင်ဆင်လိုက်ကာ
"ငါ အကခန်းမသွားလိုက်ဥိးမယ်...မင်းတို့နှစ်ယောက် ဆော့ကျန်ခဲ့......"

Husband is great black belly (Myanmar Translation) Where stories live. Discover now