သူသေသေချာချာမြင်သွားတာ

2.9K 388 24
                                    

နေ့လည်စာစားပြီးသည့်အခါ ကျောင်းတက်ခေါင်းလောင်းထိုး၍ ပထမဆုံးအချိန်သည် ကာယအချိန်ဖြစ်သောကြောင့် အိုးရန်မြောင်မြောင်တစ်ယောက် ကာယအဝတ်အစားမြန်မြန်လဲလိုက်ရသည်။ အားကစားကွင်းသို့ရောက်သောအခါ ကျောင်းသာများ တန်းစီနေလေပြီ။နံပါတ်အစဉ်လိုက်အော်ကြသည်။ လူစုံမစုံစစ်ဆေးကြသည်။ ကာယဆရာ မလာခင်အထိ။ စစ်ဆေးပြီးတဲ့နောက် ကာယဆရာရောက်လာပြီး မြောင်မြောင်ကိုကြည့်ပြီးပြုံးပြသဖြင့် သူမ ဇဝေဇဝါဖြစ်သွားလေသည်။ ထို့နောက် ဆရာက ကျောင်းသားအားလုံးကို

"ဒီနေ့ ကျောင်းသားနှစ်ယောက်ကြောင့် ဆရာ အရမ်းဝမ်းသာမိတယ်။ သူတို့နှစ်ယောက်က ထမင်းစားချိန်မှာတောင် အကျိုးရှိရှိ မီတာ ၄၀၀အပြေးပြိုင်ပွဲအတွက် လေ့ကျင့်နေကြတာကွ။ပြေးတဲ့အရှိန်တွေက တော်တော်မြန်တာ။ အာ့ကြောင့် ဆရာက
နောက်တစ်ပတ် မြို့နယ်အလိုက်အပြေးပြိုင်ပွဲမှာ သူတို့နှစ်ယောက်ကို ဝင်ပြိုင်ခိုင်းမယ်လို့ဆုံးဖြတ်ထားတယ်။ သူတို့နှစ်ယောက် ကျောင်းအတွက် ဂုဏ်ထူးဆောင်နိုင်လိမ့်မယ်ဆိုတာ ဆရာ ယုံကြည်တယ်။ "

လို့ပြောတော့ ကျွန်မ ဒူးတွေတုန်နေပြီး ဆုတောင်းနေမိတယ်။ ဆရာပြောတဲ့နှစ်ယောက်က ကျွန်မနဲ့ကန်ယု မဟုတ်ပါစေနဲ့ ပေါ့။

ဆရာက ထပ်ပြောသေးတယ်။

"နောက်ဆို မင်းတို့တွေ သူတို့နှစ်ယောက်ဆီက သင်ယူသင့်တယ်။ စာပေဘာသာရပ်တွေကလည်း သေချာလေ့လာသင့်သလို ကာယပညာကလည်းအရေးကြီးတယ်ကွ။ ဒါကြောင့်
စာကိုပဲ အသေလုပ်မနေနဲ့။ ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာအောင်လည်းလုပ်ကြဦး" တဲ့လေ။

အဲ့ဒိချိန်မှာပဲ ကျောင်းသားတစ်ယောက်က ထမေးတယ်။

"ဆရာ အဲ့ဒိနှစ်ယောက်က ဘယ်သူတွေလဲ ပြောပြပါ"

ကျွန်မနောက်ကို တဖြည့်ဖြည်းဆုတ်ပြီး ပါးစပ်ကလည်း တတွတ်တွတ်ပြောနေမိတယ်။ ငါ မဟုတ်ပါစေနဲ့ ငါမဟုတ်ပါစေနဲ့။

"သူတို့တွေကတော့ အိုးရန်မြောင်မြောင်နဲ့ ကန်ယုပဲ။ ဒိနေု့ထမင်းစားချိန်မှာ သူတို့နှစ်ယောက် အားကစားကွင်းထဲပတ်ပြေးနေကြတာ။ သူတို့အပြေးလေ့ကျင့်နေကြတာ ကြည့်ပြီးဆရာ အရမ်းဝမ်းသာမိတယ်"

Husband is great black belly (Myanmar Translation) Where stories live. Discover now