သံသယလေးများစတင်ဝင်ရောက်လာ ၂

725 122 6
                                    

#Unicode

" ငါ့ကို မခြောက်စမ်းနဲ့... ငါကျန်းမာရေးကောင်းသေးတာ မဟုတ်ဘူး"

" အဲ့လိုမဟုတ်ပါဘူး...ဇာတ်လမ်းတွေမှာဆို စုံတွဲတွေက အရမ်းချစ်ကြတာ...ဒါပေမဲ့ တစ်ယောက်ကမအားဘူး..တွေ့ဖို့အချိန်မရှိဘူးလို့ပြောပြီး
မကြာဘူး...သူတို့ကလမ်းခွဲလိုက်ကြရော.."

Liu Li Jun က ဇာတ်လမ်းတွဲကြည့်ရတာ အရမ်းကြိုက်တယ်..သူမအဲ့လိုပြောတော့ ကျွန်မ အရမ်းတုန်လှုပ်နေပြီ။

" မြောင်မြောင်ကို မခြောက်စမ်းနဲ့.. သူကိုကြည့်ဦး သူ့မျက်နှာဖြူဖျော့နေပြီ "

Xiao Shuang ကကြက်သားတစ်တုံးကိုယူပြီး Jiu Li Jun ပါးစပ်ထဲထိုးထည့်လိုက်တယ်။

" အဲ့လိုတော့မဟုတ်ဘူး..ငါ့စိတ်ထဲတစ်ခုခုလွဲနေသလိုစဥ်းစားမိနေလို့..သူအရင်ကဒီလိုမဟုတ်ပါဘူး. အရင်က သူငါ့ကိုလိုက်ပို့တုန်းက ငါ့ကိုမတွေ့ရင် သူ့မျက်နှာကြီးက အိုးဖင်လို မည်းမှောင်ပြီး ကြောက်ဖို့ကောင်းနေရောပဲ "

Xiao Fan ကကျွန်မကိုကြည့်ပြီး

" ငါ သူ့ကိုသွားတွေ့ပြီး ရှင်းရှင်းလင်းလင်းမေးလိုက်မယ် "

" အဲ့တာ မကောင်းဘူး.."

ကျွန်မတားလိုက်မိတယ်။

" ရှင်းရှင်းလင်းလင်း မမေးရင် နင့်စိတ်ကအေးချမ်းမှာ မဟုတ်လေ..ပစ်ခံရရလည်းနင်ကပဲသူ့ကိုအရင်စွန့်ပစ်တဲ့သူ ဖြစ်ရမယ် ..ကန်ယုက ပစ်ထားခဲ့တာကို နင်ခံရရင် နင်ငါတို့ကို အရှက်ရအောင် လုပ်တာပဲ "

Xiao Fan က ကျွန်မကို စိုက်ကြည့်နေတော့တယ်။
Xiao Fan က အမြဲတမ်း သတ္တိရှိရှိပြောဆိုနေတာပဲ..သူအဲ့လောက်ထိသတ္တိရှိရှိပြောဆိုလိမ့်မယ်လို့ မထင်ထားမိဘူး။

" မြောင်မြောင် ငါလည်း Xiao Fan ပြောတာကို သဘောတူတယ်..သွားပြီးမေးကြည့်။ ရင်ထဲမှာ သံသယတွေ မထားနဲ့။ တကယ်လို့သူဖောက်ပြန်နေရင် လမ်းခွဲခဲ့..မခွဲခင် သူ့ကို ပါးနှစ်ချက်လောက် ပြင်းပြင်းရိုက်ခဲ့ "

Li Jun က ကန်ယုကို သူမရဲ့ကျောင်းကော်မတီရာထူးကို ရသွားပြီးကတည်းက မုန်းနေခဲ့တာပါ..ဒါကြောင့် သူမ ကန်ယုကို အဲ့လိုပြောတာ သိပ်တွေးစရာမလို။

Husband is great black belly (Myanmar Translation) Where stories live. Discover now