အတိအလင္းတြဲၿပီ ၃

2.1K 362 14
                                    

[Unicode]

ကျွန်မမျက်နှာ ပူတက်သွားသလိုပဲ

"ဘာ အဖြေ. ဖြေ. လဲ  ငါ...ငါ.. မသိ...ဘူး"

ဒါပေမယ့် ကန်ယုက တာ့ သွယ်ဝိုက်ပြီးတောင်မပြောတော့ဘဲ
တည့်တိုးပဲပြောချပစ်လိုက်တယ်။

"ငါ့ကို ကြိုက်လား မကြိုက်ဘူးလား"
သူ့ကြည့်ရတာ ကျွန်မကို အရမ်းအော်ပစ်ချင်နေသလိုပဲ။ပြီးတော့ သူက ကျွန်မကို စဉ်းစားချိန်ပေးဖို့ မပြောနဲ့ မျက်တောင်ခတ်ချိန်တောင်မပေးခဲ့ပါဘူး။

"ငါ တစ်ခါပဲမေးမှာ မြန်မြန်ဖြေ"
.သူကျွန်မတစ်ကိုယ်လုံးကို ခါယမ်းပြီး ပြောတော့

"ငါ မသိဘူး လို့"

"မသိဘူး ဟုတ်လား "

"ငါ တကယ်မသိဘူးဆို နင်ဘာလို့ ငါ့ကို အတင်းမေးနေရတာလဲ"

ကျွန်မအော်ပစ်လိုက်တော့ ကန်ယုက အံကြိတ်ပြီး

"အိုးရန်မြောင်မြောင် နင်က အရူးပဲ"

ကျွန်မကို အရူးလို့ခေါ်ရင် အရမ်းမုန်းပါတယ်နော်။

"ငါ..ငါ..မရူးဘူး.. ငါ တကယ်မသိဘူး"

'ကြိုက်တယ်'ဆိုတာဘာလဲ ကျွန်မတကယ်နားမလည်ဘူး ဒါကြောင့်ကျွန်မကိုဘယ်လောက်တွန်းအားပေးပေး အသုံးဝင်လာမှာမဟုတ်ဘူးဆိုတာပါပဲ။ကန်ယုရဲ့အကြည့်တွေက ကျွန်မကို ဓားပေါင်းမြောက်များစွာနဲ့ပစ်ပေါက်နေသလိုပါပဲ။

"မသိဘူးဟုတ်လား နင် ငါ့ကို ဝတ်ကျေတန်းကျေ ဖြေနေတာလား"

"ဘာကိုပြောနေတာလဲ  ငါက...ဒါကို ယန်ယန်ဆီကပဲကြားခဲ့ရတာ....ဒါက"

ချစ်ရေးဆိုတဲ့အခါ ကြိုက်လား မကြိုက်ဘူးလား မမေးခင် သူဘာအရင်ပြောသင့်လဲဆိုတာ သူမသိဘူးလား။သူအရင် ကျွန်မကို ကြိုက်တယ်ဆိုကြိုက်တယ် အရင်ပြောသင့်တယ်လေ။
ကျွန်မကို သူကိုယ်တိုင်ပြောတာလည်း မရှိခဲ့ဘူး။သူများပြောတာကိုပဲ နားထောင်ခဲ့ရတာလေ။

"ဘာပဲဖြစ်ဖြစ်  ငါ မသိဘူးပဲ"

ကန်ယု  ကျွန်မ စိတ်ဆိုးနေတာကို မြင်ပြီး ခဏ တိတ်ဆိတ်သွားတယ်။ချက်ချင်းသူ ကျွန်မကို လွှတ်ပေးလိုက်ပြီး လှည့်ထွက်သွားတယ်။

Husband is great black belly (Myanmar Translation) Where stories live. Discover now