ဒုတိယအတွဲ Part 15

1.2K 138 6
                                    

ဒုတိယအတွဲ Part 15

Yibo အိမ်ကိုမြန်မြန်ပြန်လာလိုက်ပြီး
အခန်းထဲပြေးဝင်သွားသည်။

" ဝေ့ရင်း!..ဝေ့ရင်း "

" သခင်လေး! "

ကုတင်ဘေးနားမှာထိုင်နေတဲ့ဝေ့ရင်းက
မျက်ရည်သုတ်ပြီးထကြည့်လိုက်သည်။

" ဝေ့ရင်း..ဘာလိုငိုနေတာလဲ "

" သခင်လေး "

ဝေ့ရင်းမြန်မြန်လျှောက်လာပြီး သခင်လေးကိုဖက်လိုက်သည်။

" ဘာလိုငိုနေရတာလဲ မင်းကြောင့် ငါ့စာသင်တာမဖြောင့်ပဲပြေးလာရတယ်..မိုးကလည်းမတိတ်တော့ အေးလိုက်တာမှ အရမ်းပဲ "

" တောင်းပန်ပါတယ်..တောင်းပန်ပါတယ်
ကျွန်တော့်မငိုတော့ဘူး "

ဝေ့ရင်းဖက်ထားရာကနေခွာပြီး မျက်ရည်တွေ
ပြောင်စင်အောင်သုတ်နေသည်။
ဝေ့ရင်းမျက်ရည်သုတ်ပြီးတော့ မိုးစင်စင်လင်းသွားသည်။

"ဟင်.. မိုးချက်ခြင်းတိတ်သွားပါ့လား "

ရိပေါ်အခန်း ဘယ်ဘက်ခြမ်းကမှန်နဲ့ပြင်ဆင်ထားတာမို့လို့အပြင်ကိုတန်းမြင်ရသည်။

" သခင်လေးမပူနဲ့ နောက်ဆိုမိုးရွာတော့မှာမဟုတ်ဘူး "

" Mr.ဝေ့ရင်းကမိုးလေဝသပညာရှင်လား "

Yibo ပြုံးပြီးဆက်ဆိုလိုက်သည်။

" ဘာလိုငိုနေရတာလဲ ပင်လယ်ကြီးကိုလွမ်းလို့လား "

ဝေ့ရင်းခေါင်းရမ်းလိုက်သည်။

" သခင်လေးကယူဆော့နဲ့ပဲနေတယ်
ယူဆော့နဲ့ပဲစကားပြောတယ် ကျွန်တော်ကို
ဂရုမစိုက်တော့ဘူး "

Yibo လှဲကုလားထိုင်မှာ ခြေဆန့်ကာထိုင်လိုက်သည်။
ဝေ့ရင်း ခုံနားကကြမ်းပြင်မှာထိုင်ကာ သူ့ခြေထောက်ကိုနှိပ်ပေးနေသည်။

" အဲ့လိုမလုပ်နဲ့ဝေ့ရင်း..ငါငရဲကြီးလိမ့်မယ်
မင်းက တကယ်ဆို ငါ့ထက်အသက်အများကြီးကြီးတဲ့ရေသူထီးပဲ ငါ့ကိုပြုစုစရာမလိုဘူး "

" သခင်ကိုပြုစုဖို့ပဲလိုက်လာခဲ့တာပါ..သခင်လေးကအရမ်းဆိုးတယ် သခင်လေးမြို့ရောက်တော့
ကျွန်တော်ကို ပစ်ထားတယ် "

ပင်လယ်မင်းသားလေးWhere stories live. Discover now