ဒုတိယတွဲ Part 13 ( Unicode - Zawgyi )

4.2K 433 20
                                    

Part 13

Yibo  နိုးနိုးချင်း သူ့ကိုကြည့်နေသော ဝေ့ရင်းကို တွေ့ရလေသည်။

" ဘာကြည့်တာလဲ ဝေ့ရင်း "

" သခင်လေးက အရမ်းချစ်စရာကောင်းတယ် "

" မျက်နှာသစ်ပီးပီလား ဝေ့ရင်း "

" သစ်ပြီးပြီး "

" တကယ်လား ဘယ်ကရေနဲ့သစ်တာလဲ ‌
ရေပန်းဖွင့်တက်လို့လား "

"ဟိုးကန်ထဲကရေနဲ့ "

ဝေ့ရင်းလက်ညှိုးထိုးပြတဲ့ကန်ကို ကြည့်လိုက်တော့ ရေကူးကန် ဖြစ်နေသည်။

"ဒုက္ခပဲ အဲ့ရေနဲ့သစ်ရတာ မဟုတ်ဘူး လိုက်ခဲ့ "

Yibo ရေချိုးခန်းထဲဝင်တော့ ဝေ့ရင်းကိုပါ လိုက်ခဲ့ခိုင်းလိုက်သည်။ ပြီးတော့ရေပန်းဖွင့်ကာ
မျက်နှာသစ်ပြလိုက်သည်။

" သိပြီလား "

" ဟုတ်ကဲ့ သခင်လေး "

Yiboတို့ မျက်နှာသစ်ပြီးတာနဲ့ ထမင်းစားခန်းထဲ
လာလိုက်သည်။

" သားလေးလာလေ "

ဦးကောင်းရန် သားလေးကို ခေါ်လိုက်သည်။

" ကျွန်တော့်ကိုမစောင့်ပဲ မနက်စာ စားနေတယ် "

ရိပေါ်တမင်တကာရစ်တာမဟုတ်ပေ။ ပါပါးက
အရင်နဲ့မတူတော့တာကြောင့်ဖြစ်သည်။
အခု ပါပါးက သူမပါလည်း မနက်စာ
စားဝင်ပြီဖြစ်သည်။

" ပါးပါး တမင်တကာ မစောင့်တာ မဟုတ်ပါဘူး ခရီးပမ်းလာတဲ့ သားလေးအိပ်နေလို့ မနှိုးတာပါ "

" လာထိုင်လေ သားလေး "

ဒေါ်ယွင်းယုံ ခေါ်လိုက်တာကို Yibo မကြိုက်တာကြောင့် နှုတ်ခမ်းဆူလိုက်သည်။

" ပါးပါး သူကိုမ‌ပြောတော့ဘူးလား "

" ဘာဖြစ်လို့လဲသားလေး "

" မနက်စာစားရင် ပါးပါးနဲ့ပဲစားချင်တယ်
ပါးပါးမိန်းမ မိသားစုနဲ့ အတူထိုင်မစားချင်ဘူး "

" မင်း လွန်လာပြီနော် "

တင်စီးလွန်သောကောင်စုတ်ပဲ!

ယူမီ ဝင်ပြောလိုက်သည်။

" အစ်မ မ‌ပြောပါနဲ့ "

ပင်လယ်မင်းသားလေးWhere stories live. Discover now