ဒုတိယအတွဲ Part 14 ( Uni/ Zaw)

7.2K 573 96
                                    

Part 14

Yibo ပြန်လာတော့ ဝေ့ရင်း‌ပြေးပြီး ကားတံခါးနား သွားရပ်နေလိုက်သည်။

" ဝေ့ရင်း "

Yibo ကားပေါ်ကဆင်းလာပြီး ဝေ့ရင်းကို ကြည့်ကာ မေးလိုက်သည်။

"ခြံထဲမှာဘာလုပ်နေတာလဲ "

" ဟို..."

" သားတို့ပြန်လာပြီးလား "

ဝေ့ရင်း‌ပြောမယ့်အလုပ် ဒေါ်ယွင်းယုံ ထွက်လာပြီး Yiboတို့ကို စကား‌ပြောရင်း ဝေ့ရင်းကို ကြည့်နေသည်။

" အထဲဝင်ရအောင် ဝေ့ရင်း "

" ဟုတ်ကဲ့သခင်လေး "

ဝေ့ရင်း သခင်လေးနားကပ်ချင်နေပေမဲ့ သခင်လေးက အခန်းထဲရောက်တာနဲ့ ရေချိုးအဝတ်အစားလဲပြီး ကျွန်တော့်ကို ထမင်းအတူတူစားဖို့ခေါ်ပြီး ထမင်းစားပြီးတော့ ယူဆော့နဲ့ ဧည့်ခန်းမှာ စာလုပ်နေသည်။

" သခင်လေး "

" ဝေ့ရင်း အိပ်ချင်ရင်သွားအိပ်လေ "

" ကျွန်တော့် "

" ဟုတ်သားပဲ သွားအိပ့်ပါလား
ကိုယ်တို့ကစာလုပ်တာကြာမှာ "

ယူဆော့ကပါ‌ပြောတော့ ဝေ့ရင်းသူကိုနှင်ထုတ်နေတာကြောင့် ထွက်လာလိုက်သည်။ ပြီးတော့ အခန်းထဲက
ကုတင်‌ပေါ်မှာ လှဲလိုက်တာနဲ့ အိပ်ပျော်သွားသည်။

🌤️🌤️🌤️🌤️🌤️🌤️

မနက်မိုးလင်းတော့ ဝေ့ရင်းထလာပြီး သခင်လေး သင်ပေးတဲ့အတိုင်း ရေချိုးခန်းထဲမှာ မျက်နှာသစ်လိုက်သည်။

" သခင်လေးကျွန်တော့် .. "

အခန်းထဲကထွက်တော့ သခင်လေးနိုးလာတာ
မြင်တာကြောင့် ဝမ်းသာအားရနဲ့ မျက်နှာသစ်ပြီးကြောင်းပြောဖို့လုပ်တော့

" ဝေ့ရင်း ငါနောက်ကျနေပြီ "

သခင်လေး ရေမြန်မြန်ချိုးကာ မနက်စာတောင်မစားပဲ ကားစီးကာထွက်သွားပြန်သည်။

" အစ်ကိုဝေ့ရင်း "

အစ်ကိုလေးကျောင်းသွားတာကို
စိတ်မကောင်းစွာ
ကြည့်နေတဲ့ အစ်ကိုဝေ့ရင်းကို ခေါ်လိုက်သည်။

ပင်လယ်မင်းသားလေးWhere stories live. Discover now