ဒုတိယအတွဲ Part 9

4.2K 465 25
                                    

Part 9

သင်္ဘောကသူတို့ဆီကိုပဲ ဦးတည်လာနေတာကြောင့် ဝေ့ရင်း ကုန်းပေါ်မြန်မြန်တက်လိုက်သည်။

" ကျွန်တော့်တို့ရှီတာသိတယ်ထင်တယ် "

အားယွင်ကမ်းစပ်နားပြေးပြီး လက်ပြလိုက်သည်။ ဝေ့ရင်း သခင်လေးလက်ကိုကိုင်ထားလိုက်ပြီး

" သခင်လေးဆေးကုဖို့လိုတယ်ဆိုတာ ကျွန်တော့်သိပါတယ် ဒါပေမဲ့ ကျွန်တော့်..."

" ငါနဲ့လိုက်ခဲ့ "

" ဗျာ "

" လူတွေကြားထဲမှာနေရတာ မင်းအတွက်အရမ်းခက်ခဲတယ်ဆိုတာ ငါသိပါတယ် ဒါပေမဲ့ ငါ့လည်းမင်းနဲ့မခွဲချင်ဘူး ဝေ့ရင်း "

" နေပါမယ်...သခင်လေးနဲ့နေပါမယ် "

ဝေ့ရင်း သခင်လေးလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

" သားလေး "

သင်္ဘောပေါ်က ဆင်းလာတဲ့သူကို ကြည့်လိုက်တော့ ပါးပါးနဲ့ဖိုးဖိုး ပြီးတော့သူမသိတဲ့ လူငယ်ကောင်လေးတစ်ယောက်ကိုပါတွေ့ရသည်။။

" မြေးလေး "

Yibo ဖိုးဖိုးကိုတွေ့တာနဲ့ ဝမ်းသာအားရ
ပြေးဖက်လိုက်သည်။

" ပါးပါးကိုရော မဖက်တော့ဘူးလား "

ပါပါးကလက်နှစ်ဖက်ဆန့်ကာပြောလာသည်။

" ပါးပါး "

ဖိုးဖိုးဆီကခွာပြီး ပါးပါးကိုပါဖက်လိုက်သည်။

"ပါးပါးတို့ဘယ်လောက်စိုးရိမ်ရလဲ ကလေးလေးရယ် ပါးပါးသားကိုရှာနေတာ တစ်ပတ်တောင်ရှီပြီ အနီးနားရှီကျွန်းတွေ အကုန်ရောက်ပြီးပြီ အခုအဝတ်စကိုမြင်တာနဲ့ လူရှီမရှီလာကြည့်လိုက်တာ "

" ဖိုးဖိုးရောလိုက်လာတယ် အသက်ကြီးနေပြီးကိုး "

"သားဖိုးဖိုးကို အိမ်မှာနေခဲ့ဖို့ပြောတာ ပြောလို့မရဘူး သားကိုစိတ်ပူပြီး ကိုယ်တိုင်ထွက်ရှာချင်တာနဲ့ခေါ်လာခဲ့တာ "

Yibo ဖက်ထားရာကနေခွာပြီး
ပါပါးတို့နဲ့ပါလာတဲ့ လူစိမ်းကိုကြည့်လိုက်သည်။

" သူက ဘယ်သူလဲ "

" မင်္ဂလာပါ ကျွန်တော့်နာမည် ယူဆော့ပါ
Daddyရဲ့သားအကြီးပါ "

ပင်လယ်မင်းသားလေးWhere stories live. Discover now