Part 7Yibo ပင်လယ်ကမ်းစပ်မှာ
သင်္ဘောကို ပြန်စောင့်နေတာ သုံးရက်မြှောက်ရှီပြီ ဖြစ်သည်။ ယနေတိုင်ထိ သင်္ဘောတစ်စီး
စက်လှေတစ်စီးမှမလာသေးဘူးဖြစ်သည်။" အားယွင့် မင်းအဝတ်စီးပြီးထောင်ထားတဲ့ ဝါးလုံးက နိမ့်များနိမ့်နေသလား "
" ဟိုမှာလေ အစ်ကိုလေး အမြင့်ကြီးပဲ
သဘေင်္ာလာရင် သေချာပေါက် မြင်နိုင်ပါတယ် "အားယွမ့်တောင်ကုန်းကို လက်ညှိုးထိုးပြီး ပြောပြသည်။ Yibo အလွန်စိတ်ညစ်လာသည်။ ဖိုးဖိုးကိုလည်းလွမ်းတယ် ပါးပါးကိုလည်း အရမ်းလွမ်းတယ် သူကို့ပါးပါးစိတ်ပူနေမှာ သေချာသည်။
" သခင်လေး ကျွန်တော့်သစ်တော်သီး ရလာတယ် သစ်တော်သီးအပင်ရှီတယ် သိလားသခင်လေး "
ဝေ့ရင်း ပြောနေပေမဲ့ တုပ်တုပ်မှမလှုပ်တဲ့ သခင်လေးက စိတ်ပျက်စွာထိုင်မြဲပဲထိုင်နေသည်။
"သခင်လေးရော့ "
သစ်သီးကိုတစ်ကိုက် ကိုက်စားပြီး သခင်လေးကို ပေးလိုက်သည်။
" သခင်လေး!..သခင်လေး နေမကောင်းဘူးလား "
Yiboနဖူးကိုစမ်းပြီး ဝေ့ရင်းမေးလိုက်သည်။
"အစ်ကိုလေးက အိမ်ပြန်ချင်နေတာ "
" အိမ်မပြန်ရလည်း ဘာဖြစ်လဲ ဒီမှာ
ကျွန်တော့်က သခင်လေးကို ရှာကျွေးမှာပေါ့
ဂရုလည်းစိုက်မယ်လေ "" အဲ့တော့..အဲ့တော့ငါ့က ဒီမှာတစ်သက်လုံးနေရမှာလား ဝေ့ရင်း မင်းမကောင်းဘူး "
" သခင်လေး "
သခင်လေးမှိုင်ပြီ အစားမစားပဲ ထိုင်နေသည်။
" အစာတော့စားပါ သခင်လေး အစာစားမှအားရှီမှာပေါ့ သခင်လေးအိမ်ပြန်ဖို့အားရှီဖို့လိုတယ်လေ "
" ဟုတ်ပါတယ် အစ်ကိုလေးရယ် အစာစားမှဆေးသောက်လို့ရမှာ "
အားယွမ့်နဲ့ဝေ့ရင်းပြောနေလည်း ဘာမှပြန်မပြောပဲ တုပ်တုပ်မှမလှုပ်တဲ့ Yibo
" သခင်လေး စားပါ..သခင်လေးအစာစားရင် သခင်လေးကို ကုန်းပိုးပြီး တောထဲအနှံလိုက်ပြမယ် "