Part 4
ငါးတစ်ကောင်လို့ လှပစွာရေကူးနေတဲ့ ဝေ့ရင်းကို သူငေးကြည့်နေမိသည်။
" သူက လူမဟုတ်ဘူးပဲ "
ကမ်းစပ်နားလျှောက်လာရင်း ဝေ့ရင်းကို
ခေါ်လိုက်သည်။"ဝေ့ရင်း..."
သူလှမ်းခေါ်လိုက်တော့ ရေထဲကို
အလျှင်အမြန်ငုံ့သွားတဲ့ ဝေ့ရင်း အချိန်အတော်ကြာတဲ့ထိ ပြန်မပေါ်လာတာကြောင့် သူစိုးရိမ်သွားပြီး အော်ခေါ်လိုက်သည်။"ဝေ့ရင်း...ဝေ့ရင်းဘယ်မှာလဲ ပြန်တက်ခဲ့ပါ "
သူစကားကို ဝေ့ရင်းကြားသွားတယ်ထင်တယ် ခေါင်းလေးပေါ်လာပြီး မျက်နှာငယ်လေးနဲ့
သူကိုး တိုးလျသောလေသံဖြင့်ခေါ်သည်။" သခင်လေး "
လန်ကျန့်ထိုင်လိုက်ပြီး ရေထဲက ဝေ့ရင်းကို လက်ကမ်းပေးလိုက်သည်။
" ဘာမှမဖြစ်ဘူး လာပါ "
ဝေ့ရင်း လန်ကျန်ဆီကူးခပ်လာပြီး လန်ကျန့်လက်ကို မရဲတရဲနဲ့ ကိုင်လိုက်သည်။
" သခင်လေး..ကျွန်တော့်ကိုမကြောက်ပါနဲ့နော်..ကျွန်တော့်မိစ္ဆာမဟုတ်ပါဘူး "
" အင်း ငါမကြောက်ဘူး ရေကူးအုံးမှာလား ကူးလေ မင်းရေးကူးလို့ဝတဲ့ထိ ငါ့စောင့်ပေးမယ် "
" ဝပါပြီ သခင်လေး "
ဝေ့ရင်းကုန်းပေါ်တက်ကာ အဝတ်ကိုဆွဲပြီး
ဝတ်လိုက်သည်။" ဟင် "
ကုန်းပေါ်ရောက်သွားတာနဲ့ ဝေ့ရင်းအမြီးက
ရေခြောက်သွားပြီး ခြေထောက်အသွင်ပြောင်းသွားတာကိုး လန်ကျန့်အံသြစွာ ကြည့်နေမိသည်။" ပြန်ရအောင် သခင်လေး "
" အင်း "
လန်ကျန်အဆောင်ကို ဝေ့ရင်းကအရင်လိုက်ပို့ပေးပြီး
" သခင်လေး အိပ်ချိန်ရောက်ပြီ ကုတင်ပေါ်မှာ
လှဲလိုက်ပါတော့ ""အင်း "
လန်ကျန့်အိပ်ရာပေါ်လှဲတော့ ဝေ့ရင်း ကုတင်အစွန်းမှာထိုင်ပြီး လန်ကျန့်ကို စောင်ခြုံပေးလိုက်သည်။