ဒုတိယအတွဲ Part 16

1.3K 148 4
                                    

ဒုတိယအတွဲ Part 16

" မြေးလေးအခြေအနေဘယ်လိုနေလဲ "

ဒေါက်တာစမ်းသပ်နေတာကြာနေတာကြောင့်
ဖိုးဖိုးနန်းအန်စိတ်မရှည်စွာမေးမိသည်။

" Yiboရဲ့နှလုံးက သိပ်အားနည်းနေတယ်
အားမရဘူး..အတက်နိုင်ဆုံး လူနာကို
စိတ်ချမ်းသာအောင်ထားပေးပါ "

စိတ်မချမ်းသာစရာဒေါက်တာစကားကြောင့် အဖိုးနန်းအန်သားဖြစ်သူကိုကြည့်မိ၏

" အဖေတစ်ယောက်ဖြစ်ပြီး
ကိုယ့်သားကို ပြန်သတ်နေတာလား "

" အဲ့လိုမပြောပါနဲ့အဖေ..သားကသိပ်ဆိုးလွန်းလို့
ကျွန်တော်ပြောမိတာပါ "

" စိတ်နဲ့သာဆိုင်တဲ့ရောဂါဖြစ်တာကြောင့် အခြေအနေအရမ်းစိုးရိမ်ရပါတယ်..ပြင်းထန်တဲ့ခံစားချက်ရသွားပြီဆိုရင်တစ်ချက်ထဲနဲ့ အသက်ထွက်သွားနိုင်တယ် "

ဦးကောင်းရန်မျက်ရည်တွေအစီးအတားမရှီကျလာသည်။ သူမိုက်ပြစ်ကြောင့် သားအသက်ဆုံးရှုံးရမယ်ဆိုရင် သူလောက်မိုက်တဲ့အဖေဆိုတာမရှီ​တော့ပေ။

" သခင်လေး..သခင်လေးထပါ
ကျွန်တော်ကိုပြောပါ
ဟိုဘွားတော်က မိစ္ဆာလား သူကိုသတ်ပေးရမှာလား "

ထူးဆန်းတဲ့ဝေ့ရင်းစကားကြောင့် ဖိုးဖိုးနဲ့သခင်ကြီးနားမလည်စွာ ကြည့်နေသည်။

" လျှောက်ပြောတာပါ..လျှောက်ပြောတာပါ
ဗွေမယူပါနဲ့..သူကတောမှာအနေကြာလာတာဆိုတော့ စကားမတက််လို့ပါ "

အားယွင့် ဝင်ရှင်းပြလိုက်သည်။

" ပါပါး..."

" သားလေး..သားလေးနိုးလာပြီ "

ရိပေါ်သူ့လက်ကိုကိုင်ထားပြီး ညိုးငယ်နေတဲ့
ဝေ့ရင်းကို ပြုံးပြလိုက်သည်။

" ပါပါးကိုခွင့်လွှတ်ပေးပါ ကလေးလေးရယ်
ပါပါးသားကိုနောက်မဆူတော့ဘူးနော် "

ဦးကောင်းရန်သားလေးနဖူးကိုနမ်းကာ
ကြင််နာစွာပြောလိုက်သည်။

" ပါပါး သားနဲ့ပါပါးရဲ့မိန်းမဘယ်သူ့ကိုပိုချစ်လဲ "

" သားကိုပဲပိုချစ်တာပေါ့ "

ပင်လယ်မင်းသားလေးWhere stories live. Discover now