ဒုတိယအတွဲ Part 12

4.1K 433 14
                                    

Part 12

"သားမင်းအမေကိုဘာလုပ်လိုက်တာလဲ "

"သူကကျနော့်အမေမဟုတ်ဘူး "

"ဘာပဲဖြစ်ဖြစ် သားသူကိုအမေတစ်ယောက်လိုရိုသေသင့်တယ် အဖေတို့ကမိသားစုပဲလေ "

"အဲ့ဒါပါပါးရဲ့မိသားစုပဲ ကျနော်နဲ့မဆိုင်ဘူး "

"အကိုကလေးကိုမပြောပါနဲ့ "

"မူယာမာယာများတဲ့အဖွားကြီး "

" သားလေး မဆိုးပါနဲ့ "

" မဆိုးပါနဲ့ဟုတ်လား ပါးပါး အခုကျွန်တော့်က ဆိုးတယ်လို့ပါးပါးပြောလိုက်တာလား "

"ပါးပါးပြောတာ အဲ့လိုမဟုတ် .."

သားလေးလက်ကိုကိုင်ပြီး ချော့ဖို့လုပ်ချင်ပေမဲ့ သားလေးအခန်းထဲဝင်ပြီး တံခါးပိတ်သွားသည်။

" ကလေးက အစ်ကိုအရမ်းအလိုလိုက်ထားတော့
နည်းနည်းတော့ဆိုးတယ်နော်"

" သားကိုသည်းခံပေးပါ ယွင်းယုံ "

" ကျွန်မတို့က မောင်လေးကိုသည်းခံပါတယ်
ပါးပါး "

" ကျေးဇူးတင်ပါတယ် ယူမီ "

ဦးကောင်းရန် သားလေးကို ပြောမိတာကိုး စိတ်မကောင်းဖြစ်သွားသည်။ သူသားလေးကို
နားလည်အောင် ဖြည်းဖြည်းပြောရမှာဖြစ်သည်။

💗💗💗💗💗💗💗💗💗💗

"အား!!! "

မှန်ကြည့်ပြီး ကျယ်လောင်စွာအော်လိုက်တဲ့ ဝေ့ရင်းကြောင့် အားယွင့်နဲ့ Yibo ရယ်လိုက်သည်။

" သခင်လေး..သခင်လေး ကျွန်တော်ပုံစံက
တစ်မျိုးကြီးပဲ ဆံပင်အတိုနဲ့ဆိုတော့ နေရတာ
ခေါင်းပြုတ်သွားသလိုပဲ  "

" အစ်ကိုဝေ့ရင်းက အခုပုံစံနဲ့ အရမ်းချောတာပဲ နတ်သားကျနေတာပဲ "

" သခင်လေးအကြိုက်သာ လိုက်လုပ်သာပါ
နေရတာ တစ်မျိုးကြီးပဲ "

Yibo ဝေ့ရင်းကိုကြည့်ကာ သက်ပြင်းချနေမိသည်။

" ဘာဖြစ်တာလဲ သခင်လေး "

" အစ်ကိုလေး နေမကောင်းလို့လား "

အားယွမ့်နဲ့ဝေ့ရင်း စိတ်ပူစွာမေးလိုက်သည်။

ပင်လယ်မင်းသားလေးWhere stories live. Discover now