Part 6

5.6K 635 21
                                    


Part 6

"ဘယ်လိုနေလဲ သမားတော် "

" အဖြေရှာမတွေ့ဘူး အားကတော့ တော်တော်နည်းနေတယ် "

သမားတော်စကားကြောင့် လန်ကျန့်ပြုံးလိုက်သည်။

"ကျွန်တော့်ဘာမှမဖြစ်ပါဘူး မစိုးရိမ်ပါနဲ့ အစ်ကိုတော် "

ဇယ်ဝူကျွင်း မျက်နှာမှာ ပူပန်စိတ်တွေ ပြည့်နှံနေသည်။ စစ်ကျွေးရိပ်မိသွားပြီး

"ဘာမှမဖြစ်ဘူးဆိုတာ မဟုတ်ဘူးမဟုတ်လား
ဇယ်ဝူကျွင်း  "

ဇယ်ဝူကျွင်း ခေါင်းရမ်းလိုက်ပြီး
သက်ပြင်းချမိသည်။

" ဘယ်မှမသွားပဲ နားနေပါ "

" ကျွန်တော့် တစ်နေရာတော့ သွားစရာရှီတယ် "

" ဝမ့်ကျီး! "

" ကျွန်တော့်ဘာမှမဖြစ်ပါဘူး အစ်ကိုတော်  "

ခေါင်းမာလွန်းတဲ့ ညီတော်ကို ဘာမှမပြောတော့ပဲ သက်ပြင်းချကာ အခန်းထဲက ထွက်လာလိုက်သည်၏

" စစ်ကျွေး အဝတ်အစားယူပေးပါအုန်း "

" ဘယ်သွားမလို့လဲ သခင်လေး "

ဝေ့ရင်း ပူပန်ပြီးမေးလိုက်သည်။

"မင်းသိတယ်လေ "

"သခင်လေး! "

" ဟန်ကွမ့်ကျွင်း အိပ်ရာထဲမှာ တစ်ရက်လောက်တော့ နားပါ "

" ဟုတ်တယ် သခင်လေး မနေ့ညက သခင်လေး သတိတောင်မေ့သွားတာ နားရပါမယ် "

စစ်ကျွေးနဲ့ ဝေ့ရင်း စိတ်ပူစွာ ပြောနေပေမဲ့
နားမထောင်ပဲ အဝတ်လဲဖို့ အပြင်ထွက်ခိုင်းလိုက်သည်။

" သခင်လေး! "

ဝေ့ရင်း သခင်လေးနာက်လိုက်နေပေမဲ့ သခင်လေးကို စိတ်အရမ်းပူနေသည်။ သမားတော်တောင် အဖြေရှာမရတဲ့ ရောဂါ ဘာရောဂါလဲ.. မဟုတ်နိုင်ပါဘူး ရောဂါမဟုတ်နိုင်ဘူး အဲ့တာဆို ဘာများလဲ

" ဝေ့ရင်း..ဝေ့ရင်း "

အတွေးလွန်နေတဲ့ ဝေ့ရင်းကို လန်ကျန့်
ပြန်မထူမချင်းခေါ်လိုက်သည်

"ဟုတ်ကဲ့ "

" ဘာတွေစဉ်းစားနေတာလဲ "

" သခင်လေး အဲ့ဒီနေရာကို အရမ်းနှစ်သက်တယ်နော် "

ပင်လယ်မင်းသားလေးWhere stories live. Discover now