ဒုတိယအတွဲ Part 5

4.7K 560 12
                                    


Part 5

" သခင်လေး "

" ဝေ့ရင်း ဘာလို့ရေဆင်းမချိုးတာလဲ 
မင်းညစ်ပတ်ရင်းငါမုန်းတယ်နော်"

" သခင်လေး ကျွန်တော့်ညနေက ချိုးပြီးပြီ "

" ဟုတ်လို့လား  "

" ဟုတ်ကဲ့ "

"အဲ့တာဆိုလည်းပြီးရော "

" အစ်ကိုလေး!"

အားယွင့်သခင်လေးကို ရေလှမ်းပတ်သည်။ သခင်လေးကလည်း ပြန်ပတ်နဲ့
နှစ်ယောက်သား ကလေးတွေလို့
ဆော့နေကျသည်။

"ဟီးဟီး...ခစ်ခစ်  "

အရင်တုန်းက သခင်လေးနဲ့သူ ဒီလိုမျိုးရေကစားချင်ခဲ့တာဖြစ်သည်။ ဒါပေမဲ့ သခင်လေးက
သူရေကူးတိုင်း တည်ငြိမ်စွာ ဗျပ်စောင်းတီးနေခဲ့တာ သီချင်းလေးရဲ့သံစဉ်ကို နားထောင်ပြီး သူပျော်မြူးစွာ ရေကူးခဲ့ရတာကို အမှတ်ရသည်။

" ဝေ့ရင်း အဝတ်အစားပေး "

" ဟုတ်ကဲ့ "

သခင်လေးနဲ့ စစ်ကျွေးကအဖြူရောင်အဝတ်အစားကို ဝတ်လိုက်တော့
အရမ်းကျက်သရေရှီသည်။

" သခင်လေးကအရမ်းခန့်တယ်  "

" ဟုတ်လား..ဟီးဟီး  "

သခင်လေးက ဖြူစင်တဲ့ကလေးငယ်လို့ ခဏခဏရယ်ပြုံးတာကို တွေ့ရတော့သူအရမ်းသဘောကျနေမိသည်။

" ကောင်လေးတွေ ဒီမှာရောက်နေတာကိုး မနက်စာစားရအောင် "

" ဟုတ်ကဲ့ "

စားပွဲအသေးနဲ့ မနက်စာကို စားချင်စဖွယ်ဖြစ်အောင်ခင်းကျင်းပေးသည်။ ဟင်းတွေ၏ အနံက တစ်မျိုးဖြစ်နေသည်။ နှစ်တစ်ရာကြာသွားပြီ ဒီနေရာတွေက လူသူကင်းမဲ့နေပြီ လူသူကင်းမဲ့တဲ့နေရာမှာ အစောင့်ရှီပါ့ပမလား

" သခင်လေး!! "

ဝေ့ရင်းစဉ်းစားနေတုန်း သခင်လေးကချက်ထားတဲ့ ဆန်ပြုတ်ကို စားမဲ့အလုပ် ပုတ်ချလိုက်သည်။

" လုပ်ပြန်ပြီ ဝေရင်း "

" အစောင့်ကို မသင်္ကာဘူး "

ဝေ့ရင်း အစောင့်ကို လိုက်ရှာတော့ အစောင့်ကို
မတွေ့ရတော့ပဲ ကြက်ပျောက်ငှက်ပျောက်
ပျောက်သွားသည်။

ပင်လယ်မင်းသားလေးWhere stories live. Discover now