Part 4
သူသည်းထန်စွာအရမ်းငိုနေတော့ ဝေ့ရင်းသူကို
ဖက်ထားပေးသည် ။သူငိုပြီးမောလာပြီး ဝေ့ရင်း ပုခုံးပေါ်မှာပင်အိပ်ပျော်သွားသည်။" တောင်းပန်ပါတယ် စစ်ကျွေး "
" ကျွန်တော့်နာမည် စစ်ကျွေးမဟုတ်ပါဘူး..အားယွင့်ပါ "
" အင်း "
" ဒါနဲ့ခင်ဗျားဝတ်စားထားတာက ထူးဆန်းတယ်နော် "
ဝေ့ရင်းသူကိုယ့်သူငုံ့ကြည့်ကာခေါင်းညိတ်လိုက်သည်။ စစ်ကျွေးကဆက်ပြောသည်။
"အစ်ကိုလေးမှာက မွေးရာပါနှလုံးရောဂါရှီတယ် "
" အဲ့ဒါဘာရောဂါလဲ အဆိပ်မိနေတာလား "
" အဆိပ်မဟုတ်ပါဘူး ဒီဆေးမသောက်ရရင် အားနည်းတာ ပြီးတော့ ခဏခဏမောတာ ...ဒါနဲ့ အစ်ကိုလေးကို ဘယ်ချိန်ကတွေ့တာလဲ "
" မနေ့က "
" အဲ့တာဆို မနေ့ညက ဘယ်မှာအိပ်တာလဲ "
" ဒီနေရာမှာပဲ "
" ဒုက္ခပဲ အစ်ကိုလေးက အေးတဲ့နေရာမှာ အိပ်လို့မရဘူး..ဝါးအရှည်ရှီလား "
" အင်း "
အားယွင့် ဝါးအရှည်မှာ အင်္ကျီစုတ်တစ်ထည့်ကိုချည်ပြီး တောင်ကုန်းထိပ်မှာ ထောင်ထားလိုက်သည်။ ဖြတ်သွားဖြတ်လာ သင်္ဘောသားတွေ မြင်အောင်လို့ဖြစ်သည်။
" သခင်လေး အေးနေပြီ "
ဝေ့ရင်း သခင်လေးဖက်ထားရင်း ဆိုလိုက်သည်။
" ဒီနားက တိမ်လွှာနန်းမြိုင်နဲ့မဝေးဘူး အဲ့သွားရအောင် "
" ဘာတွေပြောနေတာလဲ "
အားယွင့်နားမလည်စွာ ဖြစ်သွားသည်။
နှစ်တစ်ရာ သခင်လေးကို စောင့်နေတာ နှစ်တစ်ရာကျော်သွားပြီ အဲ့ဒီအဆောက်အအုံရှီမရှီသူ မသိတော့ပေမဲ့ သခင်လေးကို သူတစ်ရက်မှ မေ့မရခဲ့ဘူး အဲ့နန်းတော်ပိုင်ရှင် သခင်လေးကို သူပြန်ခေါ်သွားရမယ်ဖြစ်သည်။
" ဘယ်သွားမလို့လဲ "
အားယွင့်သစ်သီးစားနေတုန်း အစ်ကိုလေးကိုပွေ့ချီခေါ်သွားတဲ့ ဝေ့ရင်းကြောင့်
စားရင်းတန်းလန်းနဲ့ ပြေးလိုက်ခဲ့ရသည်။