Part 8

5.2K 656 15
                                    


Part 8

⛈️⛈️⛈️⛈️ ဝေ့ရင်း သခင်လေးဆီပြန်ဖို့
ကုန်းပေါ်တက်လာပေမဲ့ ဝမ်းနည်းလွန်းလို့ မျက်ရည်ကျနေတာကြောင့် မပြန်နိုင်ပဲ ကုန်းပေါ်မှာ ထိုင်နေမိသည်။ သူအမြီးကတော့ ရေထဲမှာ လှပနေသည်။

" ဝေ့ရင်း! "

ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့
သူချစ်ရသော သခင်လေးဖြစ်နေသည်။
သခင်လေး တစ်ကိုယ့်လုံး မိုးရေစိုချွဲနေသလို လှပတဲ့ အဖြူရောင်အဝတ်အစားမှာလည်း
ရွံတွေပေနေသည်။

" သခင်လေး! "

လန်ကျန့်ပြေးလာပြီး ဝေ့ရင်းကို
ဖက်ထားလိုက်သည်။

" ဘာဖြစ်လို့လဲ "

" အနားယူရမှာကိုး ဘာလို့ ဒီအထိလိုက်လာတာလဲ "

" ဘာလို့ ငိုတာလဲ"

သခင်လေးကို ဖက်ထားရာကနေခွာပြီး
ကြည့်လိုက်သည်။ နဂိုအားနည်းနေတဲ့ကြားက မိုးရွာထဲ သူကိုလိုက်ရှာထားလို့ထင်သည်
မျက်နှာတစ်ခုလုံး သွေးမရှီတော့ပဲ နှုတ်ခမ်းတွေလည်း ပြာနေသည်။

" သခင်လေး အအေးပတ်နေပြီ "

လန်ကျန့်..ဝေ့ရင်းမျက်ရည်စက်တွေကို
လက်နဲ့သုတ်ပေးလိုက်သည်။

" အရမ်းအေးတယ် ဝေ့ရင်း အဲ့ဒါကြောင့် မငိုပါနဲ့တော့ "

သခင်လေးစကားကြောင့် ဝေ့ရင်းဝမ်းနည်းစိတ်ကိုထိန်းကာ မျက်ရည်မကျပဲနေလိုက်သည်။ ချက်ခြင်းဝမ်းနည်းကြီးစွာရွာနေသောမိုးတိတ်သွားသည်။ သူအမြှိးကို ကုန်းပေါ်တင်ဖို့လုပ်တော့

" ဒီအတိုင်းထားပါ အခု ဝေ့ရင်းကအရမ်းလှပနေတယ် ကိုယ့်ကြည့်ချင်လို့ပါ "

" ဘာကိုထပ်ကြည့်အုန်းမှာလဲ နေလည်းမကောင်းပဲနဲ့ ဒီအထိလိုက်လာတာကို တော်တော်လွန်နေပြီ ကျွန်တော့်ကိုသနားရင် အိမ်မှာပဲ နားနေ..အွန့် ..."

သူကိုစိတ်ပူပြီး တရစပ်ပြောနေတဲ့ ဝေ့ရင်း နှုတ်ခမ်းကို နမ်းလိုက်သည်။

" သခင်လေး!! "

" နှုတ်ပိတ်လိုက်တာ "

"သခင်လေးသုံးတဲ့ နှုတ်ပိတ်မန္တန်က အဲ့လိုမှ မဟုတ်တာ ကျွန်တော့်သိတယ် "

ပင်လယ်မင်းသားလေးWhere stories live. Discover now