Part 9" သခင်လေး!! "
လန်ကျန့်နိုးလာတော့ ဝေ့ရင်းသူလက်ကိုကိုင်ပြီး ခုံတင်အောက်နားမှာ ထိုင်ပြီးသူကိုကြည့်နေသည်။
" သခင်လေး သက်သာရဲ့လား "
" ဘယ်လိုလုပ်ပြီး ဒီကိုပြန်ရောက်လာတာလဲ "
"မနေ့က ကမ်းနားမှာ သခင်လေးမေ့လဲသွားလို့ ကျွန်တော့် ကုန်းပိုးပြီး ခေါ်လာတာပါ "
လန်ကျန့်ထထိုင်လိုက်သည်။ စစ်ကျွေးဆေးယူလာတာကြောင့် ဝေ့ရင်း စစ်ကျွေးဆီက
ဆေးပန်ကန်လုံးကို လှမ်းယူလိုက်သည်။" ကျွန်တော့်တိုက်လိုက်မယ် "
သခင်လေးကို ထိုင်ခိုင်းပြီး ကျောနောက်ခေါင်းအုံးခုကာ မှီစေလိုက်သည်။
" သခင်လေး ဆေးသောက်ရမယ်နော် "
ဆေးကို မှုတ်ပြီးသခင်လေးကို တိုက်လိုက်သည်
" တော်ပြီ "
" နည်းနည်းပဲကျန်တော့တာ "
" ဒီလောက်ဆို လှုပ်ရှားလို့ရအောင်
အားပြည့်နေပါပြီ "" သခင်လေး ဘယ်သွားချင်လို့လဲ "
"ကမ္ဘာအဆုံးထိပေါ့ ရှင်သန်ရတဲ့ရက်က သိပ်မှမကျန်တော့တာ အိပ်ရာပေါ်လှဲမနေချင်ဘူး "
ပြောရင်း လန်ကျန့်ထရပ်လိုက်သည်။ ပြီးတော့ ဆရာဦးလေးနဲ့ အစ်ကိုတော်ကို နှုတ်ဆက်ဂရုဝပြုလိုက်သည်။
" ဟန်ကွမ်ကျွင်း ဘယ်သွားမလို့လဲ "
ကျင်းရီက မျက်ရည်ဝဲစွာဆိုလိုက်သည်။
" စစ်ကျွေးနဲ့ ကျင်းရီ လိမ်လိမ်မာမာနေခဲ့နော် မင်းတို့က ကူးစူးမြို့ရဲ့ သူရဲကောင်းပဲ မှတ်ထားနော် "
" ဟန်ကွမ်းကျွင်း နေမကောင်းပဲနဲ့ ခရီးထွက်တာ ကျွန်တော်တို့လိုက်လို့ မဖြစ်ဘူးလား "
စိတ်ပူနေတဲ့ စစ်ကျွေးကို လန်ကျန့်ပြုံးပြလိုက်ပြီး
"ငါ့အဆင်ပြေပါတယ်...သွားရအောင် ဝေ့ရင်း "
" ဟုတ်ကဲ့ သခင်လေး "
ဝေ့ရင်း လမ်းလျှောက်နေရင်း သူလက်ကိုရုတ်တရက် လာကိုင်တဲ့ သခင်လေး