ဒုတိယအတွဲ PART 8

4.2K 510 30
                                    

Part 8

ပင်လယ်ထဲသို့ကူးသွားတဲ့ ဝေ့ရင်းကိုကြည့်ပြီး Yiboထိုင်ချလိုက်သည်။ 

" အစ်ကိုလေး "

" သူ..သူက ငါ့အိမ်မက်ထဲကငါးပဲ "

အားယွင့်အံအားသင့်စွာဖြစ်သွားသည်။

"အစ်ကိုလေးခဏခဏမက်ခဲ့တဲ့ ငါးအိမ်မက် အဲ့ငါးက အစ်ကိုဝေ့ရင်းလား "

" ငါ့ဒီကိုဘာကြောင့်ရောက်လာလဲ ငါသိသွားပြီ ငါ့သူနဲ့ဆုံဖို့ရောက်လာတာပဲ "

အာယွင့်အစ်ကိုလေးကိုကြည့်ရင်း ပင်လယ်ဘက်ကြည့်လိုက်တော့ သင်္ဘောကို မတွေ့ရတော့​ပေ။

" အစ်ကိုလေး...သင်္ဘောပျောက်သွားပြီ  "

" အဲ့ဒါတကယ်သင်္ဘောအစစ် မဟုတ်လောက်ဘူး "

" အစ်ကိုလေး ဆိုလိုတာက "

Wang Yibo ထလိုက်ပြီး ပင်လယ်ဘက်ပြေးကာ
ပါးစပ်နား လက်နှစ်ဖက်ဖြင့်ကာအုပ်ကာအော်လိုက်သည်။

" ဝေ့ရင်း!...မင်းဘယ်မှာလဲ..ဝေ့ရင်း "

" အစ်ကိုဝေ့!!...အစ်ကိုဝေ့!! "

သခင်လေးနဲ့အားယွင့်ခေါ်သံကြောင့် ဝေ့ရင်း သခင်လေးဘက်ကူးလာလိုက်သည်။

" ဝေ့ရင်း...ငါ့မင်းကိုတွေ့ချင်လို့ပါ မင်းဘယ်မှာလဲ...ဝေ့ရင်း!. "

" သခင်လေး! "

ကုန်းပေါ်တက်လာပြီ ရေခြောက်မှ ခြေထောက်အသွင်ဖြစ်မှ သခင်လေးကိုထွက်တွေ့လိုက်သည်။

" ဝေ့ရင်း "

Yibo ဝေ့ရင်းကိုပြေးဖက်လိုက်သည်။ အတန်ကြာတဲ့ထိဖက်ပြီးမှ ဖက်ထားရာကနေခွာပြီး ဝေ့ရင်းခြေထောက်ကိုကြည့်ကာ

" မင်းရဲ့လှပသောအမြှီးရော "

" သခင်လေး မြင်ချင်လို့လား"

Yibo ခေါင်းညိတ်လိုက်သည်။ ဝေ့ရင်း သခင်လေးလက်ကိုဆွဲကာ ကျောက်တုံးတွေနားခေါ်လာခဲ့လိုက်သည်။

" ကျွန်တော့်ကိုလည်းစောင့်ကြဦးလေ "

အားယွင့်ပြေးလိုက်လာခဲ့သည်။ ဝေ့ရင်းရေစပ်နားကကျောက်တုံးပေါ်ထိုင်ကာ ခြေထောက်ကို ရေနဲ့ထိလိုက်တာနဲ့အမြှှီးဖြစ်သွားသည်။

ပင်လယ်မင်းသားလေးWhere stories live. Discover now