Part 3

7.1K 716 15
                                    

Part 3

ဝေ့ရင်း ကုန်းပေါ်တက်ပြီး အမြီးကို
ရေခြောက်အောင်မြန်မြန်သုတ်ပြီး အင်္ကျီကို
မြန်မြန်ဆွဲဝတ်လိုက်သည်။ 

" ဝေ့သခင်လေးက ဒီမှာ "

WangJi Pov;

လန်ကျန့်ဝေ့ရင်းကိုစိတ်ပူလို့ သူအဆောင်ကိုလာတော့ ဝေ့ရင်းကို မတွေ့ရလို့စိတ်ပူပြီး လိုက်ရှာနေသည်။ လမ်းမှာစစ်ကျွေးနဲ့ပါ တွေ့ပြီး အတူတူလိုက်ရှာကျတာ ဖြစ်သည်။

" ပြန်သွားပြီလား မသိဘူး  "

" မပြန်လောက်ပါဘူး "

လိုက်ရှာနေရင် ရေချိုးဖို့မေးတာကို အမှတ်ရပြီး  ကန်ဘက်ကိုလာလိုက်မှ ဝေ့ရင်းကိုတွေ့သည်။

"ဝေ့သခင်လေးကို ငါခေါ်လာလိုက်မယ် ပြန်နားတော့ "

လန်ကျန် စစ်ကျွေးကိုပြန်နားခိုင်းပြီး
သူရဲ့အပေါ်အင်္ကျီကို ချွတ်ပြီး ဝေ့ရင်းကို
ထပ်ခြုံပေးလိုက်သည်။  ပြီးတော့ ကန်ကိုငေးကြည့်လိုက်သည်။

" လသာနေတာပဲ "

ဝေ့ရင်း သူရဲ့အဖြူရောင်နတ်သားကို မော့ကြည့်လိုက်သည်။ ပြီးတော့ ထလိုက်ပြီး လန်ကျန့်ကို
အင်္ကျီပြန်ခြုံပေးလိုက်သည်။ သူကမအေးတက်ဘူး ထိုလူသားသာ အေးတက်တာဖြစ်သည်။

" မအေးဘူးလား အခုမှ ရေချိုးထားတာလေ "

လန်ကျန်မေးတော့ ထိုလူပြုံးပြီး
ခေါင်းရမ်းသည်။

"နောက်ဆို ဘယ်သွားသွားငါ့ကို ပြောပြီးမှသွား..ပြီးတော့ မင်းအိမ်ပြန်ချင်တယ်ဆိုလည်း
ငါကိုနှုတ်ဆက်ပြီးမှ သွား "

ဝေ့ရင်း သူရဲ့ချစ်စရာကောင်းတဲ့ အဖြူရောင်နတ်သားလေး ပြောသမျှ သဘောကျသည်။သူကိုစိတ်ပူတာလည်း ကြိုက်သည်။ သူကိုဆူပူရင်လည်း သူကြိုက်မှာ သေချာသည်။

" စကားပြန်ပြောလေ မပြောတက်ရင် ခေါင်းညိတ်ခေါင်းခါတော့ လုပ်တက်တယ် မဟုတ်လား "

" ဟန်..ကွမ်းကျွင်း..ပြောတာ..နားထောင်ပါမယ် "

ကျွန်တော့်ရဲ့နတ်သားလေးကို စိတ်ချမ်းသာစေချင်လို့ ကြိုးစားပြီး ပြောလိုက်သည်။ 
နတ်သားသမျှလှပသောထိုလူသားပြုံးသွားပြီး

ပင်လယ်မင်းသားလေးWhere stories live. Discover now