ဒုတိယအတွဲ Part 6

4.7K 546 41
                                    


Part 6

" ဝေ့ရင်း!..ဝေ့ရင်း! "

သခင်လေးအသံကြားတာနဲ့ ဝေ့ရင်း
လှဲနေရာကနေထလာပြီး သခင်လေးနားလာလိုက်သည်။
အိပ်နေရင်းယောင်နေတဲ့ သခင်လေး ကျောကို ပွတ်ပေးလိုက်သည်။  သူ့သခင်လေးကို စိတ်မချလို့သခင်လေးကုတင်ဘေးနားမှာ စောင်ခင်းပြီး အိပ်နေရတာဖြစ်သည်။  သခင်လေး ညအိပ်တိုင်း သူနာမည်ကိုယောင်သည်။ ပထမနေ့ကမ်းခြေမှာ အိပ်တော့ မယောင်ပေမဲ့ တိမ်လွှာနန်းမြိုင်မှာအိပ်တဲ့ နှစ်ညလုံးယောင်သည်။

" ဝေ့ရင်း! "

သခင်လေးယောင်နေတာမဟုတ်ပဲ မျက်စီဖွင့်လာပြီး သူကိုခေါ်ခြင်းဖြစ်သည်။

" သခင်လေး နိုးလာပြီလား.. မိုးမလင်းသေးဘူး ပြန်အိပ်အုံး သခင်လေး"

" မနက်ဖြန်အစောထွက်မယ် "

" ဘယ်ကိုလဲ "

" ပင်လယ်ပြင်ကိုလေ၊ ကမ်းခြေမှာ သင်္ဘော
လာတာကို စောင့်မှ အိမ်ပြန်လို့ရမှာပေါ့ "

" သခင်လေးအိမ်ကဒီမှာလေ "

" မနောက်ပါနဲ့ ဝေ့ရင်း..ငါ့ဖိုးဖိုးကိုလွမ်းလှပြီ
ပြီးတော့ပါးပါးကိုလည်းလွမ်းတယ် "

" ဒီမှာပဲနေပါ သခင်လေး "

" ဒီမှာနေရင် ငါသေမှာပေါ့ ငါ့သောက်နေကျ
ဆေးကလည်း ကုန်တော့မှာ "

သခင်လေး ခန္ဓာကိုယ်အသစ်နဲ့ နောက်ဘဝရောက်နေတာတောင် အသက်ရှည်ဖို့ဆေးနဲ့ဆက်နေရတယ်တဲ့လား ပြီးတော့ ဒီမှာနေရင် မကောင်းဆိုးဝါးမုကျီရန်ကလည်း ရှီသေးတယ် သခင်လေး ပြောတာ နားထောင်တာပဲ ကောင်းပါတယ်လေ။

" ကျွန်တော့်ကိုရော..ကျွန်တော့်ကို မထားခဲ့ပါနဲ့  "

Yibo ပြုံးလိုက်ပြီး

" မထားခဲ့ပါဘူး...ထားခဲ့စရာလား  ဒါနဲ့ ဝေ့ရင်းမှာဆွေမျိုး မရှီဘူးလား "

" မရှီဘူး သခင်လေးက ကျွန်တော်ရဲ့တစ်ဦးတည်းသော ဆွေမျိုးပဲ "

" ဆွေမျိုးမရှီလည်း အားမငယ်နဲ့ ငါ့ကမင်းအစ်ကို လုပ်ပေးလို့ရတယ် "

ဝေ့ရင်းပြုံးလိုက်ပြီး

" ကျွန်တော့်အသက်က သခင်လေးထက် အများကြီး ကြီးပါတယ် "

ပင်လယ်မင်းသားလေးWhere stories live. Discover now