Part 2
ထမင်းစားပွဲသူရှေ့ရောက်တာတောင်
ကြောင့်ကြည့်နေတဲ့ ဝေ့ရင်းကို စစ်ကျွေးနဲ့ကျင်းရီက ဝေ့ရင်းကို အကဲခက်နေသည်။" စားလေ ဝေ့သခင်လေး "
"စား "
" အင်း စားရမယ် ဒီလိုစားရမှာ "
စစ်ကျွေးက စားပြလိုက်သည်။ ဟန်ကွမ်းကျွင်းလည်း ထမင်းစားနေလိုက်သည်။
ဝေ့ရင်း လန်ကျန့်စားတာကို သဘောကျပြီး သူပါ လန်ကျန့်လိုမျိုး လိုက်စားလိုက်သည်။" ဇယ်ဝူကျွင်းနဲ့ ဆရာဦးလေးကို ပြောပြရမယ် မဟုတ်လား ဟန်ကွမ်းကျွင်း "
" အင်း "
" အဲ့တာဆို သူဒီမှာနေမှာပေါ့ သူကိုဘယ်အဆောင်မှာထားမလဲ "
ကျင်းရီက မေးလိုက်သည်။
" ငါဘေးကအဆောင်မှာထားလိုက် "
" ဟုတ်ကဲ့ ဟန်ကွမ်းကျွင်း "
ဝေ့ရင်း ကျင်းရီခေါ်တာမလိုက်ပဲ
လန်ကျန်အင်္ကျီစကို လာဆွဲသည်။" ဟေ့လူ ဟန်ကွမ်းကျွင်းကို မနှောက်ယှက်နဲ့ ဟန်ကွမ်ကျွင်း နားချိန်ရောက်ပြီ "
ကျင်းရီကဆိုလိုက်သည်။
စစ်ကျွေးက ကျင်းရီကို ချိုသာသောအသံဖြင့်
ဆိုလိုက်သည်။" ဟန်ကွမ်းကျွင်းဧည့်သည်ကို မရိုင်းပြရဘူးလေ စစ်ကျွေး "
" ဟန်ကွမ်းကျွင်းဧည့်သည်ရော ဟုတ်ရဲ့လား
သူဒုက္ခရောက်လာလို ဟန်ကွမ်းကျွင်းကခေါ်လာတာ မဟုတ်ဘူးလား "" ဟုတ်လား ဟန်ကွမ်းကျွင်း "
စစ်ကျွေးမေးတာကို လန်ကျန့်ဘာမှပြန်မဖြေပေမဲ့ ဝေ့ရင်းက ပြုံးပြီးခေါင်းညိတ်လိုက်သည်။
"တွေ့လား ထင်သားပဲ ဒီလိုလူက ဘယ်လိုနည်းနဲ့မှ ဟန်ကွမ်းကျွင်း မိတ်ဆွေမဖြစ်နိုင်ဘူးဆိုတာ သိသားပဲ "
ကျင်းရီဆိုလိုက်သည်။ လန်ကျန်လည်း နားချင်နေတာနဲ့ စစ်ကျွေးနဲ့ ကျင်းရီကို ပြန်သွားနားခိုင်းလိုက်သည်။
" ဝေ့သခင်လေးနေဖို့ကျွန်တော့် အဆောင်လိုက်ပြပါမယ် "
ဝေ့ရင်းကြည့်ရတာ သားသားနားနားနဲ့
လူကလည်း
ကိုယ့်ရောင်ကိုယ့်ဝါရှီနေတဲ့ အရိပ်အရောင်ရှီတာကြောင့် သခင်မျိုးရိုးကလာတာပဲ ဖြစ်မည့်ထင်တာကြောင့် သခင်လေးလို့ တပ်ခေါ်လိုက်သည်