Part 5
" ဟန်ကွမ်းကျွင်း "
ထမင်းစားပြီးတာနဲ့ပြန်အန်နေတဲ့ ဟန်ကွမ်းကျွင်းကြောင့် စစ်ကျွေးနဲ့ ဝေ့ရင်းစိတ်ပူမိသွားသည်။
" ဘာမှမဖြစ်ဘူး "
"ဘာမှမဖြစ်တာ သေချာရဲ့လား နဖူးမှာလည်း ချွေးတွေနဲ့ ဇယ်ဝူကျွင်းကိုပြောပြီး သမားတော်ခေါ်လာခဲ့လိုက်မယ် "
" ဘာမှမဖြစ်ဘူး စစ်ကျွေး..မစိုးရိမ်နဲ့ ထမင်းပွဲသိမ်းလိုက်တော့ "
" ဟုတ်ကဲ့ "
စစ်ကျွေးထမင်းစားပွဲကိုယူပြီး သိမ်းသွားသည်။ ဝေ့ရင်းက သူကိုစိတ်ပူပြီး သူကို့ပဲ ကြည့်နေသည်။ သူဝေ့ရင်းကို အားတင်းကာ
ပြုံးပြလိုက်သည်။" မပြုံးပါနဲ့ သခင်လေး..သခင်လေးပြုံးရင် ကျွန်တော့်အရမ်းနှစ်သက်တယ်ဆိုပေမဲ့ ဒီတစ်ခါ သခင်လေး ပြုံးတာ ကျွန်တော်ရင်နာရတယ် "
" ဘာဖြစ်လို့လဲ ဝေ့ရင်း "
" သခင်လေး နေမကောင်းဘူး "
" ငါနေကောင်းပါတယ် ဘာမှမဖြစ်ဘူး
ခဏလေးပဲစောင့် မကြာခင် ညနက်လာပြီး အားလုံးအိပ်သွားတော့မှာ အဲ့ဒီအခါကျရင် ဝေ့ရင်းနဲ့ကန်နားကို အတူတူသွားမယ် "" မသွားတော့ဘူး နေ့ခင်းကလည်းရေတဝကြီး ကူးထားတာပဲ သခင်လေးနားပါ "
ဝေ့ရင်းသူကို အရမ်းစိတ်ပူလို့ပြောနေမှန်း သိပါငည်။ ဝေ့ရင်းက ညဘက်ရေးမကူးရရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ဘူး ဆိုတာလည်း သူသိနေသည်။
" သွားရအောင် "
ဝေ့ရင်းကိုပြောပြီး သူထရပ်တော့
ခန္ဓာကိုယ်ကယိုင်သွားသည်။" သခင်လေး! "
" ဘာမှမဖြစ်ဘူး သွားရအောင် "
ဝေ့ရင်း ရေကူးတာကို သူစောင့်ပေးရင်း အပင်အောက်မှာ တရားထိုင်နေရင်း ကိုယ့်ဘာသာကုနေမိသည်။ ဒါပေမဲ့ မသက်သာပဲ ဗိုက်ထဲမှာစူးပြီး အောက်လာသည်။
" သခင်လေး! "
ဝေ့ရင်းအသံကြားတာနဲ့ သူမျက်စီဖွင့်လိုက်သည်။