Part 7

5.4K 671 37
                                    


Part 7

သမားတော် သခင်လေးကို စမ်းပြီး ခေါင်းရမ်းနေသည်

"ဝမ့်ကျီး ဘယ်လိုနေလဲ သမားတော် "

" ရောဂါရှာမတွေ့ပဲ အားက နည်းတထက်အရမ်းနည်းလာတယ်  "

"သမားတော် ခင်ဗျားက ကူးစူးရဲ့အတော်ဆုံးသမားတော်ပဲ ရောဂါရှာမတွေ့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား "

"ကျွန်တော့် တောင်းပန်ပါတယ် ဇယ်ဝူကျွင်း "

ဇယ်ဝူကျွင်း အိပ်ပျော်နေတဲ့ ညီတော့်လက်ကို ကိုင်ကာ သူအစွမ်းတွေထည့်ပေးလိုက်သည်။ ပြီးတော့သမားတော်ကို ထပ်စမ်းသပ်ခိုင်းလိုက်သည်။ သမားတော်ခေါင်းရမ်းသည်။

" ဇယ်ဝူကျွင်း "

ညီတော်ကို ကုတာအထမမြောက်ပဲ သူပါအားနည်းလို့ ယိုင်သွားတာကြောင့် ကျင်းရီထိန်းထားပေးသည်။

" ဇယ်ဝူကျွင်း ပြန်နားပါတော့  ကျွန်တော့်ကြည့်ထားလိုက်ပ့ါမယ် "

စစ်ကျွေးစိတ်ပူစွာနဲ့ဆိုလိုက်သည်။

"အင်း "

" တစ်ခုခုဖြစ်ရင် တန်းခေါ်လိုက်ပါ "

" ဟုတ်ကဲ့ "

လန်ကျင်ရီ ဇယ်ဝူကျွင်းကို ထိန်းပြီး လိုက်ပို့ပေးလိုက်သည်

" ဝေ့သခင်လေး!..ဝေ့သခင်လေး "

ကုတင်ခြေရင်းမှာ အသက်မဲ့စွာထိုင်နေတဲ့
ဝေ့ရင်းကို စစ်ကျွေးခေါ်လိုက်သည်

" ဟင် "

" ဝေ့သခင်လေး နေမကောင်းဘူးလား "

" ကောင်းပါတယ် "

" ကောင်းတာတော့ မဟုတ်လောက်ဘူး
မျက်နှာက ဖြူဆုတ်နေတာပဲ.. သွားနားပါတော့ "

" အင်း...ခဏလောက်အပြင်ထွက်မယ် "

ဝေ့သခင်လေး စိတ်နဲ့ကိုယ့်နဲ့ မကပ်စွာအပြင်ထွက်သွားသည်။ စစ်ကျွေးသည်
ဟန်ကွမ်းကျွင်း၏နဖူးကို ရေစိုအဝတ်ဖြင့်
အုပ်ပေးကာ ပြုစုနေလိုက်သည်။

ပင်လယ်မင်းသားလေးWhere stories live. Discover now