Part 10လန်ကျန့်နိုးနိုးချင်း သူဘေးနားမှာ
အိပ်နေသော
ဝေ့ရင်းမျက်နှာကို ကြည့်နေမိသည်။" သခင်လေး "
ဝေ့ရင်းမျက်စီဖွင့်လိုက်တော့ သူကိုစူးစိုက်စွာ ကြည့်နေတဲ့ သခင်လေးနဲ့အကြည့်ချင်းစုံပြီး ရင်ခုန်လာတာကြောင့် သခင်လေးနှုတ်ခမ်းကို နမ်းလိုက်သည်။
" သခင်လေး !! "
နမ်းလိုက်ပြီးမှ ရှက်ပြီးသခင်လေးကို ကြည့်လိုက်တော့ သခင်လေးက သူနှုတ်ခမ်းကိုလာနမ်းသည်။
" ချိုလိုက်တာ ဝေ့ရင်းနှုတ်ခမ်းက ဂျယ်လီနဲ့တူတယ် "
" သခင်လေးရောပဲ "
လန်ကျန့်ထပြီး မျက်နှာသစ်သန့်စင်လိုက်သည်။ မနက်စာစားပြီးတော့ ဝေ့ရင်းပျောက်သွားသည်။
"ဝေ့ရင်း..ဝေ့ရင်း "
" သခင်လေး !! "
ဝေ့ရင်းအခန်းထဲဝင်လာမှ သူရင်ထဲငြိမ်းချမ်းသွားသလို ခံစားရသည်၏
" ဘယ်တွေသွားနေတာလဲ အနားကနေ မခွာဖို့ပြောထားတယ်လေ "
တည်တည်ကြည်ကြည်နဲ့အေးစက်စွာ နေတက်တဲ့ သခင်လေးက အခုတော့ သူကိုစိုးရိမ်ပြီး မျက်နှာတစ်ခုလုံး ပုတ်သိုးနေသည်။
"ဆေးဝယ်ပြီး ကျိုနေတာ သခင်လေး "
လန်ကျန့် ထိုင်လိုက်သည်။ ဝေ့ရင်းဆေးကိုမှုတ်ကာ လန့်ကျန့်ကို တိုက်လိုက်သည်။
"အားရှီသွားပြီး ခရီးဆက်ရအောင် "
" ဟုတ်ကဲ့ သခင်လေး "
ဒီတစ်ခါရောက်လာတာက ယွင်မုန့်မြို့ဖြစ်သည်။ သခင်လေးနဲ့ လှေစီးပြီး ကြာခွက်အတူတူစားရတာ အရဿပိုရှီသည်။
" အိပ်ချင်တယ် "
"ကျွန်တော်ပေါင်ပေါ်လှဲပါ့လား သခင်လေး "