ဒုတိယအတွဲ

5.5K 581 23
                                    


Part 1

" သခင်လေး...သခင်လေး "

Wang Yiboသည် ခေါ်သံကြားယောင်ပြီး
အိမ်မက်ကနေ နိုးထလာပြန်သည်။

"ဘာဖြစ်တာလဲ..အိမ်မက်မက်ပြန်ပြီလား အစ်ကိုလေး "

အားယွင့်က ရေခွက်ထဲရေထည့်ပြီး မေးလေ၏ ။

" အင်း  "

" ငါးတစ်ကောင်ကိုအိမ်မက်မက်တယ်။ သူကစကားပြောတက်တယ်။ ငါ့ကို သခင်လေးလို့ ခေါ်နေတာကို ထပ်ခါထပ်ခါကြားနေရတယ် "

" အစ်ကိုလေးက အဲ့ဒါပဲထပ်ခါထပ်ခါ မက်နေတယ်  ထူးတော့ထူးဆန်းတယ်နော် "

" အင်း "

နေမကောင်းဖြစ်နေသော ဝမ်ရိပေါ်ကြောင့် ကောင်းရန်သခင်ကြီး ဆရာဝန်ခေါ်လိုက်ရလေသည်။

" ကျွန်တော့်သားလေး ဘယ်လိုနေလဲ "

" သခင်ကြီးသိတဲ့အတိုင်း သခင်လေးရောဂါက စိတ်ချမ်းသာအောင် ထားမှရမယ် အခုတလော စိတ်ဖီးစီးမှူတွေ ရှီနေတယ်ထင်တယ် "

" ဟုတ်လား သားလေး...ပါးပါးကိုပြော
ပါပါးရဲ့ကလေးလေးကဘာဖြစ်ချင်နေတာလဲ သားလိုချင်တာ အကုန်ဖြည့်စည်းပေးမယ် "

" ဟုတ်တယ်မြေးလေး ဘာဖြစ်ချင်တာလဲ ဖိုးဖိုးကိုပြော "

Yibo ခေါင်းရမ်းလိုက်ပြီး မျက်စိမှိတ်သွားသည် Yiboက နန်အန်အိမ်တော်ရဲ့ တစ်ဦးတည်းသောမြေးဖြစ်သည်  Yiboမှာအမေမရှီတော့ပေမဲ့ အဖိုးနဲ့ ပါးပါးရဲ့ အချစ်ဆုံး ဖြစ်ခဲ့ရသည်။
ဒါပေမဲ့ ပါးပါးက အခု အမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ဖို့လုပ်နေသည်။   အဲ့ဒါကြောင့် Yibo စိတ်ဆင်းရဲပြီး နေမကောင်းဖြစ်တာ ဖြစ်သည်။

" ပါးပါးကယွင်းယုံနဲ့ လက်ထပ်တာ သားလေးခွင့်ပြုပေးပါ ပါးပါးရဲ့သားအတွက် အမေလိုအပ်တယ်ထင်လို့ လုပ်တာပါ "

သူကိုအရမ်းချစ်တဲ့ ပါးပါးကို သူစိတ်ညစ်အောင် မလုပ်ချင်တော့ပါဘူး အဲ့ဒါကြောင့်

" ကျွန်တော့်ခရီးထွက်ချင်တယ် ရေလမ်းခရီး  "

" ပါးပါးစိတ်မချဘူး "

" ကျွန်တော့်ခရီးထွက်နေတုန်း ပါးပါးတို့မင်္ဂလာပွဲကျင်းပပါ "

ပင်လယ်မင်းသားလေးWhere stories live. Discover now