ဒုတိယအတွဲ Part 10

4.2K 472 18
                                    

Part 10

" အခြေအနေဘယ်လိုနေလဲ ဒေါက်တာ "

" Yiboလေးကအားတော်တော်နည်းနေတယ် ဆေးသွင်းမှရမယ် ၃ရက်လောက်တော့ ကောင်းကောင်းအနားယူမှဖြစ်မယ် "

" ဟုတ်ကဲ့ ဒေါက်တာ "

ဦးကောင်းရန် သားလေးလက်ကိုကိုင်ထားကာ ပြန်ဖြေလိုက်သည်။ ဒေါက်တာက အပ်ထုပ်ပြီး ဆေးသွင်းဖိုးအကြောရှာနေစဉ် အပ်ကိုဆွဲယူပြီး ဒေါက်တာကို တွန်းလွှတ်လိုက်တဲ့ ဝေ့ရင်း၊ ဒေါက်တာကိုထပ်လုပ်မဲ့လုပ်တော့ သူခါးကို
ဖက်ပြီး တားလိုက်တဲ့ အားယွင့်

" ဘာလုပ်တာလဲ! "

ပါးပါးက ဆရာဝန်ကိုထူပြီး လေသံမာနဲ့ မေးလိုက်တာကြောင့် Yibo ကုတင်ပေါ်က ဆင်းလာပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ ဝေ့ရင်း "

" သူက သခင်လေးကိုသတ်မှာ "

" မဟုတ်ဘူး ဆေးသွင်းတာ ငါအားရှီအောင်လို့ "

ဝေ့ရင်း ဒေါသမျက်ဝန်းက အရောင်ပြောင်းသွားပေမဲ့ သံသယစိတ်နဲ့ထပ်မေးသည်။

" တကယ်လား "

" တကယ်ပါ...ပါးပါး!..သူက တောထဲမှာနေတာ ကြာသွားလို့ အပ်ကိုမြင်တော့ ကြောက်သွားတာပါ တခြားဘာသဘောမှ မရှီပါဘူး "

ဝေ့ရင်းကိုပြောရင်း ပါးပါးကိုပါ လည့်ပြောလိုက်သည်။

"ကျွန်တော်ရပါတယ် Yiboလေး ဆေးသွင်းရအောင် "

ဒေါက်တာကနားလည်သွားကာဆိုသည်။

" ဟုတ်ကဲ့ "

Yibo ကုတင်ပေါ်တက်ပြီး ပြန်လှဲလိုက်သည်။ ဒေါက်တာလည်းဆေးသွင်းပေးပြီး ပြန်သွားသည်။

" သားနားချင်တယ် "

" နားလေသားလေးရဲ့ ပါးပါးစောင့်ပေးမယ် "

" ပါးပါးက ကျွန်တော့်တစ်ယောက်တည်း
ချစ်ရတာမလုံလောက်လို့ အရွယ်ရှိတဲ့ကလေးတွေအမေကို ယူတာလား "

" မဟုတ်ပါဘူး သားလေးရယ် ပါးပါးသားကို ဘယ်လောက်ထိချစ်လဲ "

" ပါးပါးအပြင်ထွက်တော့ "

" သားလေး "

" မြေးလေး စိတ်ချမ်းသာအောင်ထားလိုက်ပါ "

ပင်လယ်မင်းသားလေးWhere stories live. Discover now