ဒုတိယအတွဲ Part 11

4.3K 457 12
                                    


Part 11

ဦးကောင်းရန်ပြင်းထန်နေတဲ့အခြေအနေကို
နားမလည်စွာဖြင့် မေးလိုက်သည်။

" ဘာဖြစ်တာလဲ "

" ကျွန်မသားလေးကိုစိုးရိမ့်လို့လာကြည့်တာကိုး  သားလေးနဲ့သူ့သူငယ်ချင်းက ကျွန်မကိုတွန်းပစ်တာ အဟင့်..ဟင့်..ကျွန်မအရမ်းဝမ်းနည်းတာပဲ ကိုကို "

ပါးပါးနားသွားပြီး ချွဲနေတဲ့ အဒေါ်ကြီးကြောင့် Yibo စိတ်ပျက်သွားသည်။ အသက်ကဖင့်ဆောင့်နေပြီသူငယ်ပြန်နေတဲ့ အဒေါ်ကြီးကြောင့် အံချင်မိသည်။

" အကုန်ထွက်သွား..အကုန်ထွက် တစ်ယောက်မှ အခန်းထဲဝင်မလာနဲ့ "

ဒေါသကြီးနေတဲ့ သားလေးကြောင့် ဦးကောင်းရန် ကြောင်သွားသည်။

" သားလေး "

" အကုန်ထွက် "

Yibo အော်သံကြောင့် ဖိုးဖိုးဝင်လာပြီး အမိန့်ပေးလိုက်သည်။

" အကုန်ထွက်ကျ!  "

အားလုံးအပြင်ထွက်သွားကျသည်။

"သခင်လေးကကြောက်စရာကြီး ဒေါသမထွက်ပါနဲ့ သခင်လေး "

ဝေ့ရင်း Yibo၏လက်ကိုကိုင်ပြီး ပြောလိုက်သည်။

" မြေးလေး ဘာဖြစ်လို့လဲ "

" ပါးပါးကို ကျွန်တော့် မချစ်ချင်တော့ဘူး ပြီးတော့ ဒီအိမ်မှာလည်း မနေချင်တော့ဘူး ကျွန်းပေါ်မှာ သေသွားတာက ကောင်းဦးမယ်"

" ဘယ်လိုပြောလိုက်တာလဲ မြေးလေးရယ် မိဘနဲ့သားသမီးဆိုတာ ဘယ်သူခွဲခွဲသွေးမကွဲရဘူး မြေးလေးရဲ့ "

Yibo ဖိုးဖိုးကိုဖက်ထားလိုက်သည်။

" ဒီအိမ်ကမြေးလေးအိမ် ဒီအိမ်တော်တစ်ခုလုံး မြေးလေးပိုင်တယ် "

" တကယ်လား ဖိုးဖိုး "

" တကယ်ပေါ့ ဖိုးဖိုးရော မြေးလေးပါးပါးရော မြေးလေးကို အရမ်းချစ်ပါတယ် မြေးလေးအထင်မလွှဲရဘူးနော် "

" ဖိုးဖိုးကိုပဲယုံတယ် "

အဘိုးနန်အန်မြေးလေးကျောကိုပုတ်ပေးလိုက်ပြီးချော့လိုက်သည်။

" အော်မေ့နေတာ ကုတင်နဲ့ မွေ့ယာရောက်ပြီ အထဲသွင်းခိုင်းလိုက်မယ်နော် "

ပင်လယ်မင်းသားလေးWhere stories live. Discover now