အနမ်း /အနမ္း

6.5K 325 6
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

ညနက်ကြီးအချိန်အားဖြင့်၁နာရီခွဲလောက်ရှိရောပေါ့ မောင့်ကားအနက်ရောင်လေးက
မြို့ပြင်ဘက်သို့ဦးတည်လျှက်....
ဘယ်သွားမယ်ရယ်မပြောသလို့...
မေးတော့လည်းမောင်ကမဖြေ...

ငါကlove seat မှာထိုင်ပြီး မောင်ကတော့
ကားမောင်းနေလေရဲ့။
အထဲက air_con ရဲ့အအေးဓာတ်ကြောင့်အနွေးထည်၀တ်ထားတောင်
အတော်လေးချမ်းသည်..
အအေးလျှော့ခိုင်းဖို့ရာ မောင်ကနားကျပ်တပ်ထားတာကြောင့်အားနာတယ်ရယ်..

"မောင်.....ငါချမ်းလာပြီ"

မောင်မကြားပါသလား...?
အလယ်မှာချထားတဲ့မောင့်ရဲ့
လက်ကလေးကိုကြည့်မိမှညနေကရိပ်တို့ကိုအားကျမိသည်
လက်ကလေးကိုကိုင်ဖို့လှမ်းမိတော့
မောင်ဆိုသူရှောင်သွားသတဲ့
ကလေးငယ်ရှက်တာရောသိမ်ငယ်တာရောကြောင့်လက်ကလေးပြန်ရုတ်လိုက်ပြီးမျက်လုံးကိုအတင်းအကျပ်မှိတ်ကာအိပ်လိုက်တော့သည်

နာရီ၀က်လောက်အကြာမှာတော့
မောင်ဘက်မှန်နဲ့ရှိန်းလေးကိုကြည့်မိသည်
'အိပ်နေလိုက်တာမှဖြူစင်လိုက်တာ'
လမ်းတစ်ဖက်ခြမ်းကားကပ်ရပ်လိုက်ပြီး
ကလေးငယ်ရဲ့ပါးပြင်လေးကိုလက်ဖမိုးနဲ့စမ်းလိုက်တော့အေးနေတာဘဲ

air_conကိုအနည်းငယ်လျှော့လိုက်ကာ
ခုနကရုတ်သိမ်းသွားတဲ့လက်ကလေးကိုမောင်ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်နမ်းရှိုက်လိုက်ရင်း

"မောင့်ကိုအဲ့လောက်တောင်ချစ်လား ရှိန်းငယ်
မောင်တောင်းပန်ပါတယ် မောင်ရိပ်နဲ့မပျက်သားနိုင်သေးဘူး မောင်ရိပ်လေးကိုချစ်ခဲ့တယ် ဒါမဲ့......
ဒါမဲ့........မသိတော့ဘူးကွာ"

____အချစ်ကပေးစပ်ခြင်းလား မောင်______

လက်ထပ်ပြီးညအချိန်

(*နောက်ကြောင်းပြန်တာပါနော်
နောက်ပိုင်းတွေလည်းသူကရှေ့ဆက်လိုက်နောက်ကြောင်းပြန်လိုက်ဆိုတော့ မရောအောင်နေ့လေးတွေတော့မှတ်ထားပေးပါနော်*)

မောင်တစ်မနက်လုံးစိတ်ကျဥ်းကျပ်နေတာနဲ့
ဘားမှာဘဲအချိန်တွေဖြုန်းပြီးပြန်လာချိန်
အိပ်ခန်းထဲ၀င်တော့ ကလေးငယ်မရှိတာကြောင့်စိတ်တထင့်"နဲ့အောက်ပြန်ဆင်းကြည့်မှ
ဆိုဖာပေါ်မှာ စောင်တောင်မခြုံထားပါဘဲ
အိပ်စက်နေတဲ့ကောင်လေး။

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now