နာရီလေး / နာရီေလး

4.3K 218 0
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

ဒီနေ့က ရုံးပိတ်ရက်တနင်္ဂနွေနေ့ပါ
အရင်နေ ရုံးပိတ်ရက်ဆိုမောင်ဟာအိမ်ထဲမပြောနဲ့အိပ်ခန်းထဲကတောင်ထွက်တာမဟုတ်ဘူးရယ်
ဒီနောက်ပိုင်းအကြောင်းပြချက်အမျိုးမျိုးနဲ့
ပိတ်ရက်တိုင်းထွက်သွားတတ်တယ်
လိုက်မယ်ဆိုလည်းမခေါ်ဘူး အပြင်ကျတော့လည်းသူမပါဘဲမထွက်ရဘူးတဲ့

မနက်ကတော့ ရိပ် ၀ယ်စရာလေးရှိတယ်ဆိုလို့
ငါလိုက်ပေးခဲ့ရာအခုတော့ Ocean မှာ....
စျေး၀ယ်ထွက်လေ့မရှိတော့ ဒီလိုတစ်ခါတစ်လေသွားရတော့လည်းပေါ့ပေါ့ပါးပါးတော့ရှိသား...

"ရိပ် ငါတို့ခဏနားရအောင်နော်.... မောလာပြီ"

"အင်းပါအင်းပါ နောက်တစ်ပါတ်ဆို ကိုကို
သင်္ဘာဆင်းတော့မှာလေ အဲ့တာကြောင့်လိုတာလေးတွေ၀ယ်နေလို့ပါ ရှိန်းရဲ့"

"အဲ့တာဆိုလည်း နောက်မှဆက်၀ယ်လေနော်
အခုခဏနားရအောင်"

"အင်း ဟိုဘက်ကနာရီဆိုင်လေးသွားလိုက်ဦးမယ်
မင်္ဂလာသက်တမ်းကလည်း ၆လပြည့်ဖို့မလိုတော့ဘူးဆိုတော့လေ ရှိန်းရောမ၀ယ်တော့ဘူလား"

"အာ.... အင်း ငါလည်းလိုက်ချင်တယ်
မောင့်နဲ့လိုက်တာလေးရှိရင်ရှိမှာ..."

အရမ်းတက်ကြွနေတဲ့ ရိပ်
သူလည်းခင်ပွန်းဖြစ်သူနဲ့တွေ့ရတော့မှာဆိုတော့ပျော်နေမှာပေါ့
စဥ်းစားကြည့်မှငါနဲ့မောင်လည်းသူတို့နဲ့တစ်နေ့တည်း မင်္ဂလာဆောင်ခဲ့တာဆိုတော့
၆လပြည့်ဖို့ဆယ်ရက်လောက်ဘဲလိုတော့တာဘဲ

ရှိန်း ဆိုင်ထဲ၀င်လိုက်တာနဲ့
ပထမဆုံးအရှေ့ဆုံးတန်းမှာတွေ့တဲ့နာရီလေး
ငွေရောင်အဆင်းကိုစိန်စီထားပါရဲ့
မောင့်လက်နဲ့ဆိုသိပ်လိုက်ဖက်မှာ
ဒါမဲ့မောင်ဟာ သိပ်ချည်းများတာ....
ဒီပုံဆိုကြိုက်မှာမဟုတ်ဘူး.....

ရိပ်တောင်၀ယ်လို့ပြီးပြီ ရှိန်းအခုထိရွေးလို့မပြီးနိုင်....
ဟော တွေ့ပါရဲ့
ရှိန်းတွေ့တာနဲ့မျက်စိမခွာနိုင်ဖြစ်မိတဲ့နာရီလေးတစ်လုံး.....
ဒီတိုင်းကြည့်ရင်သာ ခပ်မွဲမွဲအရောင်လေးဆိုသော် အလင်းထဲသာကြည့်ရင် ကြေးနီရောင်သန်း၍
ပွဲလယ်တင့်တယ်မဲ့ပုံပင် နာရီလက်တံလေးရဲ့
ဆုံမှတ်အလယ်မှာသာ စိန်ပွင့်လေးပါသည်

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now