ရန်ဖြစ်ပြန်ချစ် / ရန်ဖြစ်ပြန်ချစ်

4.1K 176 1
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

၆လကြာပြီးနောက်.....

မောင်တို့ရဲ့နေ့ရက်တွေဟာ ရင်သွေးလေး
စရောက်လာကတည်းက ပျော်စရာကောင်းသလို အချစ်ရဲ့အနွေးဓာတ်တွေကိုလည်းအ‌ပြည့်အ၀ခံစားနေရပါပြီ

အခုဆိုကလေးငယ်လည်းမီးဖွားဖို့နှစ်လသာလိုတော့တာကြောင့်ငါးပူတင်းဗိုက်လေးလို ဖောင်းဖောင်းလေးနဲ့ထိုင်ရခက် ထရခတ်ဖြစ်နေတာပေါ့
ညညဆိုလည်း‌ တစ်နေ့တစ်မျိုးမရိုးအောင် ပူဆာတတ်တာကြောင့် သူစားတတ်နဲ့မုန့်တွေ၀ယ်ထားရတာမှ ရေခဲသေတ္တာတောင်မဆန့်တော့ဘူး

သင်တန်းလည်းနားခိုင်းထားပြီး အိမ်မှာဘဲစားလိုက်အိပ်လိုက်ယောကျ်ားပြန်လာရင်ချွဲပြီးလိုချင်တာတောင်းလိုက်နဲ့ ရှိန်းဆက်နောင်ဆိုတဲ့ ကလေးငယ်ဟာ တစ်ချိန်ကအထီးကျန်ခဲ့တယ်ဆိုတဲ့အတိတ်ကိုတောင်မေ့သလောက်ဖြစ်လာပါပြီ

အားလုံးမေ့နေကြတဲ့ သုံးယောက်မြောက်နေရာက ပိုင်စေရာလည်းကလေးငယ်နဲ့အဆက်အသွယ်မပျက်ဘဲ တစ်ချိန်ကအချစ်တွေကို မဖျောက်ဖျက်နိုင်သေးပင်မဲ့အရှုံးကိုလက်ခံပြီး
ဒီအချစ်ကိုနှလုံးသားရဲ့တစ်နေရာမှာ
သော့ခပ်ထားတော့သတဲ့

"အား! ကျွတ်ကျွတ် နာလိုက်တာ"

"အကိုရှိန်းရယ် ဖြေးဖြေးထပါ
မတော်မတက်ဖင်ထိုင်ရက်လဲရင်ဘယ့်နှဲ့လုပ်မလဲ...
တော်ကြာ အကို့ယောက်ျားပြန်လာရင်ဆူနေပါ့မယ်"

"အေးပါ ငါလည်းမောင့်ကိုခြံထဲမှာထွက်စောင့်မလို့ပါ ခ'ရဲ့..."

"လာ..... ကျွန်တော်တွဲပေးမယ်"

'တီတီ'

ခြံ၀န်းထဲကို မောင့်ကားလေးဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာနဲ့
ပြေးထွက်သွားတဲ့ ရှိန်း...
ဗိုက်ပူပူလုံးလုံးလေးနဲ့ ငါးပူတင်းလေးရေကူးလားသလိုပင်...
ကားထဲကထွက်လာတဲ့မောင့်အပေါ် ပြေးခုန်တက်လို့ မောင့်မှာတော့မပြုတ်ကျအောင်
ဖမ်းရတော့သည်

"‌အားယား.... ဘာလို့ပြေးလာတာလဲ?
မောင်သာမဖမ်းမိလိုက်ရင် မင်းပြုတ်ကျတော့မှာဘဲ"

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now