စောင့်နေပေးပါ / ေစာင့္ေနေပးပါ

4.1K 172 7
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

ခွဲစိတ်ခန်းရှေ့ ရှေ့လျှောက်နောက်လျှောက်နဲ့ တပ်တစ်စိတ်လောက်ရှိတဲ့ တစ်မိသားစုလုံး ပြာယာခတ်လို့...
နှစ်ဖက်အမေတွေမှာလည်း ဘုရားစာရွတ် ရှိန်းရောကလေးရော‌ကျန်း"မာ"နဲ့မွေးခန်းထဲကထွက်လာနိုင်အောင် ဆုတောင်းနေကြရင်း ရင်ထဲမှာတော့ စိုးရိမ်စိတ်လေးနဲ့ပေါ့...

ခ'လည်းသတင်းကြားတာနဲ့အိမ်ကထွက်လာရာ လမ်းမှာအကိုပိုင်နဲ့တွေ့လို့ နှစ်ယောက်သားဆိုးရိမ်တကြီးအတူ"လာခဲ့လိုက်သည်
တစ်မိသားစုလုံးလူစုံနေပါရက်နဲ့
မရောက်လာတဲ့တစ်ယောက်တည်းသောသူကတော့ မောင်ဆိုတဲ့သူကြီးပေါ့...
အခုနေဘယ်အရပ်များရောက်နေမလဲ...

"မွေးလူနာ ရှိန်းဆက်နောင် မွေးဖွားပြီးပါပြီ "

ဆရာ၀န်ထွက်လာတာနဲ့ အကုန်လုံးကမန်းကတန်းထလိုက်ကြပြီး

ရှိန်းအမေ_
"ဆရာ... ရှိန်းလေးဘယ်လိုနေသေးလဲ ဟင်
ကလေးရောကျမ်းမာရဲ့လား.."

ဆရာ၀န်_
"မိခင်ကတော့ ကျမ်းမာပါတယ်
ကလေးကတော့ လ'မဆေ့သေးဘဲမွေးခဲ့တဲ့အပြင်ပေါင်ချိန်လည်းသိပ်မပြည့်တော့ ကျွန်တော်တို့ဘက်ကလိုအပ်တာကိုဆက်လက်ဆောင်ရွက်သွားမှာပါ
ဒါမဲ့ဘာမှ စိုးရိမ်စရာမရှိပါဘူး"

(ကိုယ်လည်းကလေးမွေးတာမျိုးမကြုံဖူးတော့ အဆင်ပြေသလိုလေးရေးလိုက်ပါတယ်နော်)
ပြောပြီးတာနဲ့အထဲပြန်၀င်သွားတဲ့ ဆရာ၀န်။
အပြင်ကမိသားစုကတော့ ရှိန်းအတွက်စိတ်ချရကာ
ကလေးကိုပါစိုးရိမ်စရာမရှိဘူးဆိုတော့ အခုမှအပူလုံးကြီးကျသွားသယောင်နဲ့အေး"ဆေး"သက်ပျင်းချနိုင်‌တော့သည်..

တကယ်တော့ရှိန်းဟာမွေးရက်‌ရောက်ဖို့တစ်လနည်းပါးလိုသေးသော်လည်း ရေမွှာပေါက်သွားတာကြောင့်အလျှင်စလိုနဲ့
ရိုး"မွေးဖို့ အစီအစဉ်ကို လူနာကခံနိုင်ရည်မရှိတာကြောင့် မတက်နိုင်တဲ့အဆုံးဖျက်သိမ်ပြီးဆရာ၀န်တွေခွဲမွေးပေးခဲ့ရတယ်လေ...

အချိန်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ လူနာကိုသီးသန့်ခန်းသို့ပြောင်းကာ မိသားစုတွေလည်းတွေ့လို့ရပြီဆို၏

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now