ထုဆစ်သူကြီး / ထုဆစ္သူႀကီး

4.4K 218 2
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

စာကြည့်တိုက်ထဲတစ်ငိုင်ငိုင်နဲ့ ကလေးငယ်
အရင်ကထိုသို့ရယ်မရှိ။
တစ်ညလုံးငိုခဲ့ပင်မဲ့မောင်ဘက်ကဘာမှမတုန့်ပြန်ပြန်ဘူး ဘယ်လိုအနှောင်အဖွဲ့တွေနဲ့များမောင့်ကိုထပ်ချုပ်နှောင်ထားရမလဲ တွေးမိတိုင်း
ငါကိုယ့်ငါအတ္တရူးလို့မြင်မိတယ်....

"ရှိန်းငယ် .... နေလို့မကောင်းဘူးလား"

အသံနှင့်တစ်ပြိုင်နက်နှဖူးပေါ်ကျရောက်လာတဲ့လက်တို့ဟာ သိပ်ကိုနွေးထွေးလွန်းသည်
သို့သော်နွေး"ထွေး"ရှိတဲ့ သူဟာမောင်တာတော့သေချာသည်
အနောက်လှည့်ကြည့်မှအကိုပိုင်ပင်....

"အကိုပိုင်..... ဘယ်တုန်းကရောက်လာတာလဲ"

"ကိုယ် ရှိန်းကိုခေါ်နေတာကြာလှပြီ
ကိုယ်တော့မပူဘူး ဗိုက်အောင့်နေလို့များလား"

"ရှိန်းဘာမှမဖြစ်ပါဘူး ဒီတိုင်းအိပ်ငိုက်လို့ပါ"

"မင်း...... နှိုင်းထက်သာမောင်နဲ့ရန်ဖြစ်ထားတာလား"

"အမ်.....မ_မဟုတ်ပါဘူး အကိုပိုင်ရဲ့....
ရှိန်း....ဒီတိုင်း.....အင့်"

တုန်ရီနေပါတဲ့ ရှိန်းငယ်ရဲ့ခန္ဓာကိုယ်လေးကို
ပိုင် တင်းကျပ်နေအောင်ဖက်ထားလိုက်တော့
သူလေး အရင်လိုရုန်းကန်ခြင်းမရှိဘဲ
တိတ်ဆိတ်လို့

"ငိုလိုက်ပါ ရှိန်းငယ်..... ပင်ပန်းနေရောပေါ့"

ပြောလိုက်တော့မှပခုံးပေါ်ခေါင်းလေးတင်လာပြီး ရှိုက်ငိုလာတဲ့ ရှိန်းငယ်
ကျောလေးပုတ်နှစ်သိမ့်ကာမှငို၍မရပ်။
ပိုင်လည်း မပိုင်ဆိုင်လိုက်ရတဲ့သူလေးကိုလက်မလွှတ်နိုင်....
သို့သော်သူများအိမ်ထောင်ရေးမဖျက်စီးချင်ပါ
မင်းလေးအဲ့ကောင်ကိုလက်လွှတ်တဲ့အချိန်ကျမှ
ကိုယ်အရှေ့တိုးမယ်ကွာ
အခုတော့အနားယူလိုက်ပါဦး....

အတော်ကြာငိုပြီးနောက်
အတန်းဖျက်ကာစိတ်ပြေလက်ပျောက် အရင်ကစာမေးပွဲဖြေပြီးတိုင်းအကိုပိုင်နဲ့သွားနေကြ
ကလေးငယ်အကြိုက်ဆုံး ရှမ်းခေါက်ဆွဲနဲ့တို့ပူးနွေး
ရောင်းတဲ့ဆိုင်လေးသို့ချီတက်ခဲ့သည်
တစ်ခါစားရင်တို့ပူးနွေးရော ရှမ်းခေါက်ဆွဲပါ
နှစ်ပွဲစားတဲ့ ကလေးငယ်
အရင်တိုင်းလောဘကြီးတဲ့ကောင်လေးပါဘဲ

"ဖြည်းဖြည်းစားပါ ရှိန်းငယ်ရဲ့...."

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now