စိုးရိမ်စိတ် / စိုးရိမ္စိတ္

4.5K 215 1
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

ရှိန်းထွက်သွားတာနဲ့ အားလုံးရဲ့အခြေအနေဟာပြောင်းပြန်ပါ
မောင်လည်းပျို့အနားမကပ်တော့သလို
ပျိုကလည်း စားပွဲထိုးကောင်လေးကိုပြောဆိုမိတဲ့အတွက် တောင်းပန် ပြီး ပိုက်ဆံရှင်းပေးနေတော့တယ်....

"မောင်နဲ့မမပျို ဒါဘာတွေလဲ"

"မင်းသိစရာမလိုဘူး ရိပ်လေး
ဒီတိုင်းအချစ်ဦးဆိုတဲ့ကောင်စီဘဲ
ပြန်ပြေးချင်နေတဲ့လူကိုအပစ်ပေးရုံဘဲ
ပြီးတော့ငါ့အမ....တောက်စ် !!!တော်ပြီကွာ"

"ဘာတွေလဲ..... ရှိန်းကအဲ့ကောင်လေးဆိုရင်တောင်...."

"ဘာ....!!! ရိပ် မင်းသိနေတာလား"

"ငါဖုံးကွယ်ထားဖို့မရည်ရွယ်ပါဘူး.....
ဒါမဲ့ ပြီးခဲ့တာတွေလည်းပြီးပြီလေကွာ"

"ဟက်!! ပြီးပြီတဲ့လား ?
ဒါတွေကမင်းကိစ္စမဟုတ်ဘူး.... မသိသလိုဘဲနေလိုက်စမ်းပါ"

"ဘာကငါ့ကိစ္စမဟုတ်နေလို့လဲ မောင်
မမနဲ့ငါကမောင်နှမအရင်းတွေလိုဘဲလေ
ရှိန်းနဲ့ငါကသူငယ်ချင်း ငါ့နဲ့မဆိုင်တာပါလား"

"တော်တော့ကွာ!! ရိပ် ငါမင်းကိုမအော်ချင်ဘူးနော်"

ရိပ်လည်းငြင်းမရတဲ့အဆုံးဘာမှပြန်မပြောတော့ကာ ဆိုင်ထဲကသာထွက်လာခဲ့တော့သည်
မောင်ငါ့လိုသာ မိဘနှစ်ယောက်စလုံးတစ်ချိန်တည်းဆုံးရှုံးတယ်ဆို မင်းအရူးတစ်ပိုင်းဖြစ်ဖို့အသေအချာဘဲ...

____အချစ်ကပေးစပ်ခြင်းလား မောင်______

ညကမောင်ပြန်မလာပြန်ဘူး ငါတစ်ညလုံး
ထိုင်စောင့်ခဲ့ပါသေးတယ်
ငါသင်တန်းလည်းမသွားခဲ့သလိုထမင်းလည်းစားမ၀င်ခဲ့ဘူး
တဖြည်းဖြည်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့နေမင်းကြီးဟာလည်း တိမ်စိုင်တွေနဲ့ပေါင်းပြီး
တစ်နေ့လုံးပြတင်းပေါက်နားမှာသာ
ထိုင်မျှော်နေတဲ့ငါ့ကိုရယ်လောက်ရောပေါ့

ဟိုမိန်းမနဲ့များသွားပျော်နေသလား မောင်
စိတ်တွေလည်းပူလှပြီ အငိုလွယ်တဲ့ ငါ
မငိုနိုင်လောက်အောင် မောင့်ကိုသတိရနေပြီ
တစ်ရက်တောင်မဟုတ်ခွဲရတာ၂၄နာရီမပြည့်သေးပါ မောင်မရှိတဲ့အိပ်ရာဟာ အေးစက်လွန်းတယ်

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now