ကောင်လေး / ေကာင္ေလး

4.8K 235 0
                                    

#ကြွေ

____အချစ်ကပေးစပ်ခြင်းလား မောင်______

သင်တန်းမသွားခင်လေး
အရင်နေ့ကလိုမောင်မနက်စာမစားသွားမှာဆိုး၍
အရင်ထကာ မောင်ကြိုက်တတ်တဲ့အသားညှပ်ပေါင်မုန့်နဲ့ စျေးကဒေါ်လေးနီ ၀ယ်လာတဲ့နွားနို့လေးကိုကြိုပြီးမုန့်ဘူးလေးပြင်ပေးရတော့သည်။

"မောင် ခဏလေး...... ဟို...အာ့"

အိမ်ပေါ်ထက်ကဆင်းလာတဲ့ မောင်
ခေါ်နေတောင်တစ်ချက်လှည့်မကြည့်...
မီးဖိုချောင်ထဲကရှိန်းကလည်း မောင့်ကိုမြင်လိုက်တာနဲ့ မုန့်ဘူးလေးမပါသွားမှာအဆိုးနဲ့
ပြေးလိုက်တော့ ခုံစောင့်နဲ့တိုက်ပြီး
ချော်လဲရပြီပေါ့....

"ကျစ်.... ဒီခုံလေးတောင်မင်းမမြင်ဘူးလား"

လဲကျနေတဲ့ကလေးငယ်ကိုပွေ့ချီသွားရင်း
အနီးနားကဆိုဖာပေါ်ထိုင်စေလိုက်သည်

"ဟို.... ရော့ မုန့်ဘူးလေးယူသွားနော်
မောင်ဗိုက်ဆာနေဦးမယ်"

"မလိုဘူး... အပြင်မှာစားလို့ရတယ်"

"မောင်ရယ် အပြင်ကဟာတွေက ကျန်းမာရေးအတွက်မှမကောင်းတာ "

"မယူဘူး..... သွားပြီ"

"ယူသွားလိုက်ပါနော် မောင်ကအပြင်စာတွေနဲ့မှ.....
မောင်!!"

'ခွမ်း'

အစောကြီးထပြီးလုပ်ထားခဲ့ရတဲ့မနက်စာဘူးလေး မောင့်ရဲ့လွှင့်ပစ်ခြင်းခံရလိုက်ပြီ
ဘယ်လောက်တောင်အားပါလည်းဆိုသည်မှာ
အတော်လေးစျေးကြီးမည့်ဖန်ဘူးလေးနဲ့
အသားညှပ်ပေါင်မုန့်လေးကကြမ်းပြင်ပေါ်
တစ်ဆစီ...

တစ်ချက်တောင်လှည့်မကြည့်ထွက်သွားပြန်ပြီ
ငါ့ကိုစိတ်ဆိုးနေတာလား မောင်
ဘာလို့လဲ....
အကြောင်းပြချက်ရယ်မသိတော့ ပိုလို့တောင်၀မ်းနည်းမိသည်

____အချစ်ကပေးစပ်ခြင်းလား မောင်______

မောင့်ကားအနက်ရောင်လေးအနည်းငယ်မောင်းနှင်ပြီးတဲ့
အချိန်မှာတော့ မြို့အစွန်နားကျမောင့်ရပ်သွားသည်
အရမ်းမွန်းကျပ်သလိုခံစားရတာနဲ့
မှန်လုံပိတ်ကားထဲ ခပ်ကျယ်ကျယ်အော်ချလိုက်ကာ နှလုံးသားထဲမှာတော့မေးခွန်းရယ်များလိုက်တာ...
မင်းကဘာလို့အဲ့ကောင်လေးဖြစ်နေရတာလဲကွာ....
မောင့်ဘ၀ထဲ၀င်လာပြန်ပြီ မောင်မကြိုက်ဘူး...
အတွေးတွေကတော့ အတိတ်စီသို့။

အချစ်ကပေးဆပ်ခြင်းလား မောင်/ အချစ်ကပေးဆပ်ခြင်းလား မောင်Where stories live. Discover now