#ကြွေ
____အချစ်ကပေးစပ်ခြင်းလား မောင်______
'ဒေါက် ဒေါက်'
"အကိုရှိန်းရေ.... နိုးပြီလား ဒီနေ့အတန်းမတက်ခင်စာကြည့်တိုက်သွားမယ်ဆို
ထတော့လေ.... အမလေး!!!"အရင်နေအစောကြီးနိုးနေကျ အကိုရှိန်း
ဒီနေ့မှထူး"ခြား" ခ'ရေချိုးမိုးချိုးပြင်ဆင်ပြီးတဲ့အချိန်ထိတောင် မနိုးသေးပါ...
ထိုအခါမှအပေါ်ထပ်တက်တံခါးခေါက်နိုးရာ တံခါးလာဖွင့်တဲ့သူဟာ ခ'ထင်သလို ရှိန်းမဟုတ် ရှိန်းယောက်ျားဟိုလူကြီးပင်....."ဟို.... အကိုရှိန်းရော"
"သူနေမကောင်းဘူး အိပ်နေတယ်"
"ဟင် မနေ့ကတောင်အကောင်းကြီးပါ...
ကျွန်တော်ခဏ၀င်ကြည့်မယ်""မရဘူး....!"
မ၀င်ဖို့တားလိုက်တဲ့လက်ကြီးနဲ့အတူ အသံဟာလည်း ခပ်ထန်ထန်ပင် ။
လေသံမာလှချည်လား
ဒီလူကြီးအကိုရှိန်းကိုဘာလုပ်လိုက်လည်းမသိ.... ငါ့အကိုတစ်ခုခုဖြစ်လို့ရတော့ လူမိုက်ငှားပြီး ခဗျားကိုလည်လှီးပလိုက်မယ် ဟွန့်"ဟုတ်ဟုတ် အဲ့တာဆိုကျွန်တော်သွားတော့မယ်နော်"
စိတ်ထဲမှာသာကြိမ်းနေရတာ အပြင်မှာတော့မပြောရဲ့ပါ။
စကားမှားမိလို့သူ့ဗလကြီးနဲ့ဂုတ်ချိုးလိုက်ရင် ကိုယ်ကအရေးထဲသေဦးမယ် မဖြစ်ဘူး..."နေဦး.... ပိုင်စေရာဆိုတဲ့ကောင် ကလေးငယ်ကိုမေးရင် မနေ့ကငါတို့ရဲ့ည ဒီတော့ကလေးငယ်လည်းနေမကောင်းဘူး မင်းလက်လျှော့လိုက်တော့ လို့ပြောလိုက်"
"ဟမ်.... ဆရာပိုင်စေရာကိုလား
ဘာစကားကြီးလဲဗျာ""မင်းကရောသိချင်လို့လား.... "
"မ_မသိချင်ပါဘူး သွားတော့မယ် ဟဲဟဲ"
အမှာပါး ပြီးတာနဲ့ မနေ့ကကြမ်းရမ်းမိလို့ အခုထိအိပ်ပျော်နေတဲ့ သူ့အပိုင်ပေါက်စလေးကိုကြည့်ရင်းတစ်ချက်ပြုံးမိသည်
မင်းဘယ်လောက်ဘဲ အဲ့ကောင်နဲ့သင်တန်းသွားတိုင်းတွေ့နေပါစေ
မောင်ကတော့ အဲ့ကောင်ကိုမင်းလေးက
မောင့်အပိုင်ပါဆိုတာ သတိပေးနေမှာဦးဘဲ
YOU ARE READING